အညတရ


မင်္ဂလာ နံနက်ခင်းပါဆရာခင်ဗျ ကျနော် မြန်မာ စာလုံးပေါင်း တခု မေးချင်လို့ပါ မြန်မာစာမှာ အညတရ လို့ပဲ ရှိတယ် အညတြ လို့ ရေးလို့ မရဘူး မဟုတ်လား ခင်ဗျ

အညတရ။ မြန်မာစာအစစ်တော့ မဟုတ်ပါ။ ပါဠိဖြစ်ပါတယ်။

ပါဠိ-မြန်မာ အဘိဓာန် (ဦးဟုတ်စိန်)

အညတရ = တပါးသော။ အမှတ်မယှိသော။ အမျိုးအမည်အားဖြင့် မထင်ရှားသော။ တပါးအပါအဝင်ဖြစ်သော။

အညတြ = အခြားအရပ်၌။ ကြဉ်၍။ ထား၍။

မင်္ဂလသုတ် သမိုင်း

မိမိတို့ထင်ရာမြင်ရာ ပြောဆို၍ ငြင်းခုန်လာသည်မှာ ၁၂ နှစ်မျှ ကြာသွားလေသည်။ အဖြေမှန်ကိုကား မည်သူ တဦးတယောက်မျှ မင်္ဂလာ၏အဓိပ္ပါယ်ကို မဖွင့်နိုင်ကြ၊ ဂေါတမမြတ်စွာဘုရား ပွင့်ပေါ်လာမှ ဤပြဿနာ ငြိမ်းသွားတော့သည်။ မင်္ဂလာတရားကို သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်ကြီး၌ အညတရ နတ်သားတဦး လျှောက်ထား၍ မြတ်စွာဘုရားက ဖြေရှင်းဟောကြားတော်မူခဲ့ပါသည်။

ယခုသော်ကား တဦးတယောက်မျှဟူ၍မဟုတ်၊ နတ်သားတဦးဟူ၍မဟုတ်၊ မိမိတို့ထင်ရာမြင်ရာ ရေးသားသင်ကြားနေကြသည်မှာ ၁၂ နှစ်မျှမက ကြာပေပြီ။

မြန်မာစာ မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေသတည်း။

ဒေါက်တာတင့်ဆွေ


Comments