မာဂဓဘာသာကို အခြေခံတဲ့ မြန်မာစာလုံးများ

ပါဠိသက် စကားလုံးများလို့ ခေါ်တယ်။

ကထိန - ကထိန်

ကမ္မ - ကံ

ကာယ - ကိုဝ် (ယ်)

ကန္န - ကန်ရာသီ

ဂဏန - ဂဏန်း

ဂဟ - ဂြိုဟ် (သကဋ)

ဂုဏ - ဂုဏ်

ဂန္ထ - ကျန်းဂန်

စက္က - စကြာ (သကဋ)

စာရိတ္တ - စာရိတ်

စျာန - စျာန်

ဇနပဒ - ဇနပုဒ်

ဇာတက - ဇာတ်

ဌာန - ဌာန်

တိရစ္ဆာန - တိရစ္ဆာန်

ဒါန - လှူဒါန်း

ဓာတု - ဓာတ်

နက္ခတ္တ - နက္ခတ်

နာမ - နံ

နိယာမ - နိယံ

ပံသုကူလ - ပင့်သကူ

ပဋ္ဌာန - ပဋ္ဌာန်း

ပဋိလောမ - ပဋိလုံ

ပဒ - ပုဒ်

ပဒ - ပုဒ်

ပရိသ - ပရိသတ်

ပါသာဒ - ပြသာဒ် (သကဋ)

ပုဂ္ဂလ - ပုဂ္ဂိုလ်

ပုထုဇန - ပုထုဇန်

ပုရောဟိတ - ပုရောဟိတ်

ပယောဂ - ပြယုတ် (သကဋ)

ဗလ - ဗိုလ်

မဂ္ဂ - မဂ်

မဟာသမတ - မဟာသမတ်

ရူပ - ရုပ်

သံယောဇန် - သံယောဇန် (ဉ်)

သကဒါမိ - သကဒါဂမ်

သဏ္ဌာန - သဏ္ဌာန်

သုဝဏ္ဏ - သုဝဏ်

သုဝဏ္ဏသာမ - သုဝဏ္ဏသျှံ

ဟံသာဝတီ - ဟင်္သာဝတီ

အဓိပတိ - အဓိပ်

အနာဂိမိ - အနာဂါမ်

အပါယ - အပါယ်

အန္တရာယ - အန္တရာယ်

အနုလောမ - အနုလုံ

ဥဒါန - ဥဒါန်း

ဉာဏ - ဉာဏ် (န်)

ဂေါမုတ္တ - ဂေါမုတ်ကျောက်

စေတသိက - စေတသိက်

ပေတ - ပြိတ္တာ

လောကဓမ္မ - လောကဓံ

ဘုရားလက်ထက်က မဇ္ဈိမဒေသဆိုတာ ယခု အိန္ဒိယနိုင်ငံ ဘီဟာနယ်ဖြစ်ပါတယ်။ သက္ကတိုင်း (ကပိလဝတ်)၊ မာဂဓတိုင်း (ဗိမ္ဗိသာရမင်း၊ ရာဇဂြိုဟ်မြို့ နှင့် ပါဋလိပုတ်မြို့)၊ ကောသလတိုင်း စတဲ့ တိုင်းကြီး ၁၆ တိုင်းရှိတယ်။ ဘာသာစကား ၃ မျိုး ရှိခဲ့တယ်။ သက္ကတ (ဆန်းစကရစ်၊ သင်္သကရိုက်)၊ ပြာကရိတ်ဘာသာ နဲ့ မာဂဓဘာသာတို့ ဖြစ်တယ်။ ဘုရားဟောတဲ့ ဗုဒ္ဓဝစနသီးသန့် တွေကို ပါဠိတော်လို့ ခေါ်ဆိုသတ်မှတ်ထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ