သစ္စာရှိသော သူခိုး

ရှေးရှေးတုန်းက ရွာတရွာတွင် ချမ်းသာ ကြွယ်ဝသော သူဌေးတဦး ရှိတယ်။ ထိုသူဌေး ကြီးမှာ သူပိုင်သော ဆန်စပါးများကို အိမ်ဘေး၌ ကျီများဖြင့် သိုလှောင် ထားတယ်။

တညတွင် သူခိုးများသည် အဆိုပါ သူဌေးကြီး၏ စပါးကျီတိုက်ကို ဖောက်ထွင်းကာ ပါလာသော လုံချည်နှင့် ဆန်စပါးများကို သိမ်းကျုံး ထည့်ယူပြီး ပြန်သွားကြ၏။ တယောက်သော သူခိုးမှာမူ လက်၌ အနာရှိ၍ လုံချည်ထဲသို့ ဆန်စပါး ကျုံးထည့်စဉ် လက်မှ လက်သည်းခွံ ကျွတ်ကျလေ၏။

ထိုအခါ သူခိုးသည် လက်မှ လက်သည်းခွံ ကျွတ်ကျသောကြောင့် သူဌေးကြီး ချမ်းသာရာက မွဲတော့မည်ဟူ ၍ စိတ်မကောင်းဖြစ်ကာ သူ့ကို မိလိုက မိစေတော့ လက်သည်းခွံကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်လိုက်၏။

သူခိုးသည် စပါးပုံထဲတွင် တညလုံး လက်သည်းခွံ ရှာဖွေသော်လည်း အရုဏ်တက်ခါနီး အထိ မတွေ့သေးချေ။ နေဝန်းကြီး ထွက်စ အချိန်တွင် လက်သည်းခွံကို တွေ့ရှိ၍ စပါးကျီက အထွက်၌ သူခိုးအား သူဌေးကြီး၏ တပည့်များက ဖမ်းဆီးပြီး သူဌေးကြီး လက်သို့ အပ်နှံလိုက်၏။

သူဌေးကြီးသည် သူခိုးအား "အဘယ်ကြောင့် မိုးလင်းသည် အထိ ခိုးယူရသနည်း" ဟူ၍ မေးမြန်း၏။ သူခိုးက ညဉ့်ဦးပိုင်း ကပင် ဆန်စပါး များကို သိမ်းကျုံး ယူငယ်ရာ၌ လက်သည်းခွံ ကျွတ်ကျသဖြင့် သူဌေးကြီး မမွဲစေလိုသော စေတနာကြောင့် တညလုံး လက်သည်းခွံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြန်ကြား ပြောဆို လေ၏ ။

သူဌေးကြီးသည် သူခိုးပြောသော စကားကို ကြားလျှင် ဝမ်းမြောက် ဝမ်းသာဖြစ်၍ "ဤ သူခိုးကား သစ္စာရှိ သူခိုးဖြစ်သည်၊ အချည်းနှီး မဖြစ်စေသင့်" ဟူ၍ ဆိုကာ အသပြာဆုလာဒ်များ ပေးပြီး ခြံစောင့်အလုပ် ပေးလိုက်လေတော့သည်။

ဆောင်ပုဒ် 'သစ္စာတန်ခိုး မေတ္တာကျိုး တန်ဖိုးမဆုံးရာ'

တင်ထားပေးသူ ကျေးဇူး။ သတ်ပုံလည်းမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

မြန်မာစာရေးသာသူတွေလည်း ရှိကြတယ်။ သင်ဆရာ မြင်ဆရာတွေအပေါ်မှာ သစ္စာရှိကြတယ်။ ဆရာက (တ) ဆို (တ)။ စာက (တစ်) ဆို (တစ်) ကြတယ်။

ဆုလာဘ်လို့ ရေးတာက ပိုမှန်တယ်။ လာဘ်၊ လာဘ။

ပုဒ်မ၊ ပုဒ်ထီးကို ဆိုရှယ်မီဒီယာမှာတော့ သိပ်အလေးမထားကြပါ။ ပုဒ်မနဲ့ ပုဒ်ထီးကို စာလုံးနဲ့ မခြာဘဲ ရိုက်ရတယ်။ ပုဒ်မနဲ့ ပုဒ်ထီးပြီးရင် တကွက်ခြာရတယ်။ ကော်မာတခု၊ ကော်မာနှစ်ခုလည်း ဒီအတိုင်းပဲ။ စာလုံးနဲ့ မခြာရ။ ကော်မာတွေနောက်မှာ တကွက်ခြာရမယ်။ လိုတာကို ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ