မိုးနဲ့ဆောင်း ပြန်ပြောင်းအောက်မေ့ခြင်း

• အဲသည်နှစ်မိုးတွင်း ငါတို့ရန်ကုန်ဆင်းကြရသည်၊

• ဂန္ဒီကအဆင်းမှာ ထီးမပါတဲ့ငါတို့ကို ထီးမဆောင်းတဲ့လူထုက ဖြောင်းဖြောင်းလက်ခုပ် တီးပေးကြသည်၊

• ၁/၉ဝ နဲ့တုံ့ပြန်တာကို ငါတို့က သုံးလရာဇသံ ပြန်ပေးလိုက်ကြသည်၊

• နာခံမယ်မဟုတ်မှန်းလဲ ငါတို့သိကြသည်။

• အညာတက် အကွက်ချဘို့ဖြစ်လာသည်၊

• ဟိုနေရာ သည်နေရာထိုင်ပြီး တိုင်ပင်ကြသည်၊

• တောင်းတာမရရင် ညောင်းကြတာကောင်းမည်၊

• ၁၄ ကို ၂ နဲ့မြှောက် ၂၈ ယောက်၊ နောက်ထပ် ၂၈ ယောက်၊ သွေးသောက်ဖြစ်ကြသည်။

• ထောက်လှမ်းရေးတကောက်ကောက် ကြံတိုင်းမပေါက်၊ တဖက်ကမ်းရောက်သူကရောက်၊ ငရဲခန်းရောက်သူကရောက်၊ ထင်တိုင်းမပေါက်ပေမဲ့ ကြံတဲ့အတိုင်းမြောက်ခဲ့ပါသည်၊

• အဲသည်နှစ်ဆောင်းမှာ ငါတို့ဖါသာ အစိုးရဆိုတာဖွဲ့လိုက်ကြသည်။

• ဒို့နေရတာက ဝါးတောသစ်တော ‘မာနယ်ပလော’၊

• ရန်ကုန်မှာက အတိုက်အခံပေါ၊ နေပြည်တော်မှာ စစ်သားပေါ။

ရေးထားတာ ၂၀၁၃ ကတည်းက။ အခုတော့ နေရာတိုင်းမှာ မာနယ်ပလာ။ 

၁၈-၁၂-၁၉၉၀ မှာဖွဲ့ခဲ့တဲ့ စင်ပြိုင်အစိုးရ NCGUB မာနယ်ပလောရုံး အထက်နားက ဘားတိုက်လိုတဲရှည်ကြီးမှာ ကျွန်တော် အိပ်ခဲ့ပါသည်။ ခေါင်းရင်းမှာ ဗုံးခိုကျင်းလည်းရှိပါသည်။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ