အချစ်ဟောင်းနဲ့ ဆောင်းပုံပြင်

(တွံတေးသိန်းတန်)

နွေမိုးနှောင်း၍ ဆောင်းဟေမန္တ 

လေပြန်စရင် သဇင်ပွင့်မည် နှင်းကျပေတော့မည်။

သီဝေသွယ်နှင်း မင်းလွင်ကျင်းပြန်တော့

ပင်မြင့်စံတဲ့ ငွေသဇင် ခင်မင်ခိုလှုံ ဆောင်းရိပ်မြုံထဲ

သူ့မှာရန့ံသင်း သင်းပျံ့လှိုင်ကြည် လှမာန် စိန်မြခြယ်စီ 

လသာစဉ်အခိုက် လရောင်ကို သူကြိုက်ပါ၍

ထိုမှလွန်ကာ နေခြည်လာသော်

နေခြည်ကိုပင် တပ်မက်မောသည် 

သည်သို့ သည်အလား ကိုယ့်ချစ်သူရယ် ဒီပုံအတည်

တချစ်မှ တချစ်ပြောင်း အချစ်ဟောင်း မေ့လေပြီ။

ငွေနှင်းရယ်မှုန် လေညင်းသုန်သော တညဆီ

ချစ်ခွန်းဝေရွှန်း လမင်းရှက်အောင်

ချစ်သက်နှောင်ခဲ့ မောင်မမေ့ပါချေပြီ

မြောက်လေ သုတ်ဖျန်း နှင်းမြူတွေ ဝှေ့ကာလွှမ်းရင်

အချစ်ဟောင်းကို အောက်မေ့မိသည်

ပန်းမဥ္ဇူ မြတ်ပန်းခိုင်နဲ့

ဦးတိုင်မြှောက်ချီ လျှောက်တင်ကာ အတည်

ဒီလိုဆောင်းကို ရောက်ရင်

နှင်းမကျစေကြောင်း ဆုတောင်း နေပါသည်။

သည်နွေ သည်မိုးတွေ ပြောင်းရင် 

သည် ဆောင်းကိုလည်း ရောက်လာပေ ဦးတော့မည် 

ဆောင်းရောက်ရင် သဇင်ပွင့်မည် နှင်းကျမည် 

ဆုတောင်း မပြည့်ခဲ့ပါလေပြီ။

သီဝေ သွယ်နှင်း  မင်းလွင်ကျင်းပြန်တော့

ပင်မြင့်စံတဲ့ ငွေသဇင် ခင်မင်ခိုလှုံ ဆောင်းရိပ်မြုံထဲ

သူ့မှာရန့ံသင်း သင်းပျံ့လှိုင်ကြည်

လှမာန် စိန်မြခြယ်စီ 

လသာစဉ် အခိုက် လရောင်ကို သူကြိုက်ပါ၍

ထိုမှလွန်ကာ နေခြည်လာသော်

နေခြည်ကိုပင် တပ်မက်မောသည် 

သည်သို့ သည် အလား ကိုယ့်ချစ်သူရယ် ဒီပုံ အတည်

တချစ်မှ တချစ်ပြောင်း အချစ်ဟောင်း မေ့လေပြီ။

ငွေနှင်းရယ်မှုန် လေညင်းသုန်သော တညဆီ

ချစ်ခွန်းဝေရွှန်း လမင်းရှက်အောင်

ချစ်သက်နှောင်ခဲ့ မောင်မမေ့ပါချေပြီ

မြောက်လေ သုတ်ဖျန်း နှင်းမြူတွေ ဝှေ့ကာလွှမ်းရင်

အချစ်ဟောင်းကို အောက်မေ့မိသည်

ပန်းမဥ္ဇူ မြတ်ပန်းခိုင်နဲ့ ဦးတိုင်မြှောက်ချီ လျှောက်တင်ကာ အတည်

ဒီလိုဆောင်းကို ရောက်ရင်

နှင်း မကျစေကြောင်း ဆုတောင်းနေပါသည်။

သည်နွေ သည်မိုးတွေ ပြောင်းရင် 

သည် ဆောင်းကိုလည်း ရောက်လာပေဦးတော့မည် 

ဆောင်းရောက်ရင် သဇင်ပွင့်မည် နှင်းကျမည်

ဆုတောင်း မပြည့်ခဲ့ပါလေပြီ။   ။

ဒီအရပ်မှာတော့ နှင်းဟုခေါ် သော စနိုးတွေ မလွဲ မသွေကျပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ