သတိ

ကျွန်တော်ငယ်စဉ်က ဘုန်းတော်ကြီးတွေ တရားဟောတာတွေ နာကြားခဲ့ဘူးတယ်။ အမျိုးတော်တဲ့ ဘုန်းကြီးတွေနဲ့လည်း စကားပြောဆိုခဲ့ရပါတယ်။

တခါတခါမှာ ဘုန်းတော်ကြီးတွေပြောဟောတဲ့ စကားလုံးတချို့ကို နားထဲမှာ ဆန်းနေတယ်။ သတိစကားလုံးလည်း ပါတယ်။ လူအများအသံထွက်သလို (သဒိ) လို့ မထွက်ပါ။ ဘာလို့လဲ။

သတိဟာ ပါဠိစာလုံးဖြစ်ပါတယ်။ အဲလိုအသံထွက်ရတာကို မြန်မာစာမှာ ရေးတော့ အမှန်၊ ဖတ်တော့ အသံလို့ ထုံးစနစ်လုပ်ထားတယ်။

လူနာတွေက ဂေါင်းကိုက်တယ်လို့ပြောပါတယ်။ ဆရာဝန်က ဆေးပညာစာမှာ ခေါင်းကိုက်တယ်လို့သာ ရေးရတယ်။ ရေးတော့ အမှန်၊ ဖတ်တော့ အသံ။ ဒါမှ ဆေးနည်းလည်း မှန်တယ်။

ခုခေတ်မှာ တခါတရံကို စသတ်တွေနဲ့ရေးမိန့်ထုတ်ထားပြီး တခါတရံသံသာ ထွက်စေဆိုတာ မှားယွင်းလွဲချော်တဲ့ မြန်မာစာသတ်ပုံဖြစ်တယ်။ ပြင်ဆင်သင့်ကြပါတယ်။

မြန်မာဇာ ဂေါင်းကိုက်နေဘာဿီ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ