Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို

(ကန်တော့)
၁။ ဆရာရှင့်  သမီးက အပျိုပါရှင့် အသက်က ၄၃ နှစ်ပါ။ ခုချိန်ထိ  အမျိုးသမီးမီယပ် ရောဂါနဲ့ ပတ်သက်ပီး(ပြီး) အမှား မဖြစ်ဘူးသေးပါရှင့် လစဥ် ပုံမှန် လည်ပတ်နေဆဲပါရှင့်။ သာအိမ်ခေါင်း  သားအိမ်ကင်ဆာ အမျိုးသမီး ရောဂါတွေ ဖစ်(ဖြစ်)နိုင်ချေ ရှိမရှိ သိချင်ပါတယ်ရှင့်။ အပျိုစင်တွေမှာကော အထက်ပါရောဂါတွေ  ဖြစ်နိုင်လားရှင့်။ ကျေးဇူးပါရှင့်။  အမှားပါရင် ခွင့်လွတ်ပါရှင့်။
၂။ သားအိမ်ခေါင်းကင်ဆာက အသက် ၁၉-၂၀ မှာရော ဖြစ်တတ်လားရှင့် ညီမ ဆီးစပ်ကိုက်နေလို့ပါ ဆေးခန်းသွားထားတာ ဆေးကမကုန်သေးပေမဲ့ မသက်သာလို့ပါ လက္ခဏာကဘယ်လိုတွေဖြစ်တတ်လဲဟင် တယောက်ထဲကြောက်နေလို့ပါ
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖတ်မိတော့ မနေတတ်လို့။ မေးခွန်းထဲက မိန်းကလေးမှာ အိမ်ထောင်ရေးရာဇဝင်လည်း မသိပါ။
၃။ မင်္ဂလာပါဆရာ သားအိမ်ခေါင်းကင်ဆာက အိမ်ထောင်မရှိတဲ့အပျိုတွေရောဖြစ်နိုင်ပါသလားဆရာ။ ရောဂါလက္ခဏာရော ဘယ်လိုပြပါသလဲရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်။
၄။ အပျိုအစစ်မှာ သာအိမ်ဝကင်ဆာဖြစ်နိုင်လားဆရာ။
၅။ ကြားဖူးတာက အပျိုတွေမှာ မဖြစ်ဘူးဆိုတာ မှန်ပါသလားဆရာ။
၆။ အိမ်ထောင်လည်းမရှိဘူး၊ လိင်ဆက်ဆံဖော်လည်းမရှိဘူး၊ မာစတာဘေးရှင်းလည်း မရှိဘူးဆိုရင် (၁) သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ဘို့ မရှိသလောက်ဟုတ်ပါသလားရှင်။ (၂) သားအိမ်ကင်ဆာရော အကြုံးဝင်ပါသလား။
အပျိုအစစ်မှာ သားအိမ်ဝ (ခေါင်း) ကင်ဆာ မဖြစ်နိုင်လောက်ပါ။ ဆရာဝန်ဆိုတာ ဘယ်အရာကိုမှ ၁ဝဝ% အာမခံချက် မပေးပါ။ ၁၉၅ဝ ခုနှစ်တုံးက လေ့လာမှုတခု လုပ်ခဲ့ပါတယ်။ အသက် ၂ဝ အရွယ်မှာ အိမ်ထောင်ပြုတဲ့မိန်းကလေးတွေ သူတို့ထက် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေထက် သားအိမ်ဝကင်ဆာဖြစ်နိုင်ခြေ (၂) ဆရှိတာတွေ့ရတယ်။ ၁၉၅၂ မှာ ခရစ်ယန်သီလရင်ပေါင်း ၁၃,ဝဝဝ ယောက်ကိုလေ့လာခဲ့တယ်။ သားအိမ်ဝကင်ဆာဖြစ်တာ တယောက်မှ မတွေ့ရပါ။
သားအိမ်ဝကင်ဆာဖြစ်နိုင်ချေ တခြားအချက်တွေလည်းရှိပါသေးတယ်။ ဆေးလိပ်သောက်တာ၊ အစာအာဟာရညံ့တာ၊ ခုခံအားကျဆင်းတာတွေဖြစ်တယ်။ သားအိမ်ဝကင်ဆာနဲ့ဆက်စပ်နေတာက HPV (human papillomavirus) ခေါ် လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဖြစ်တယ်။ ပိုးစမ်းလို့တွေ့တိုင်းတော့ ကင်ဆာမဖြစ်ပါ။ အမျိုးအစားခွဲတချို့ကနေသာ သားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။ သားအိမ်ဝကင်ဆာအများစုက လိင်ကနေတဆင့်ကူးစက်ရာကနေဖြစ်တယ်။
သားအိမ်ဝကင်ဆာမှာ အမျိုးအစားခွဲ ၂ မျိုးရှိသေးတယ်။ Squamous cell carcinomas နဲ့ Adenocarcinomas ဖြစ်တယ်။ Squamous cell carcinomas အမျိုးအစားက ဗဂျိုင်းနားထဲမှာရှိတဲ့ Exocervix သားအိမ်ဝအပိုင်းမှာဖြစ်တယ်။ သားအိမ်ဝကင်ဆာရဲ့ ၈ဝ-၉ဝ% ကအဲတာဖြစ်တယ်။ လိင်ကနေတဆင့်ကူးစက်တဲ့ HPV ကြွက်နို့ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်လို့ ယူဆရတယ်။
Adenocarcinomas အမျိုးအစားက Endocervix ခေါ် သားအိမ်အတွင်းထဲမှာရှိတဲ့နေရာမှာဖြစ်တယ်။ Neuroendocrine tumor ဆိုတဲ့ ရှားတဲ့သားအိမ်ဝကင်ဆာတမျိုးလည်းရှိသေးတယ်။ HPV နဲ့မဆိုင်လောက်လို့ ထင်ရတယ်။
သားအိမ်ဝကင်ဆာဟာ အပျိုရွယ် (စစ် + မစစ်) တသန်းမှာ ၁-၂ ယောက်သာဖြစ်တယ်။ အဲဒီအချက်တွေကြောင့် မိန်းကလေးတွေ လိင်စိတ်မဖြစ်ပေါ်မီ (၉-၁ဝ နှစ်သမီး) ကတည်းက HPV Vaccine ကာကွယ်ဆေးထိုးစေတာ ဖြစ်တယ်။
1. Cancer of the uterus သားအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/04/cancer-of-uterus_23.html
2. Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ https://dr-tint-swe.blogspot.com/2021/05/cancers-of-women-reproductive-system.html
3. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/05/cervarix.html
4. Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို https://dr-tint-swe.blogspot.com/2021/01/cervical-cancer-virgins.html
5. Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-1.html
6. Cervical Cancer (2) သားအိမ်အဝ-ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-2.html
7. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-3.html
8. Cervical Cancer သားအိမ်ဝကင်ဆာ https://dr-tint-swe.blogspot.com/2021/05/ca-cx.html
9. Cervical Cancer သားအိမ်ဝကင်ဆာသုတေသန https://dr-tint-swe.blogspot.com/2021/05/cervical-cancer.html
10. Family Cancer Syndromes မိသားစု ကင်ဆာ ဆင်ဒရုမ်း https://dr-tint-swe.blogspot.com/2021/06/family-cancer-syndromes.html
11. Fathers may pass ovarian cancer risk to daughters မျိုးဥအိမ်ကင်ဆာ ဖခင်ဆီကလာသလား https://dr-tint-swe.blogspot.com/2021/09/fathers-may-pass-ovarian-cancer-risk-to.html
12. HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/hpv-vaccine.html
13. Ovarian cancer မျိုးဥအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/08/ovarian-cancer.html
14. Pap smear သားအိမ်ဝကင်ဆာ စမ်းသပ်နည်း https://dr-tint-swe.blogspot.com/2020/12/pap-smear.html
သတိပေးချက် -
ဖြစ် ကို ဖစ် လို့ရေးနေသူ ၈၀-၉၀% တို့ဟာ ကင်ဆာလူနာ သို့မဟုတ် ကင်ဆာလူနာရဲ့ မိသားစုဝင်တွေ ဖြစ်နေတယ်။ အဲလို ဖြစ် ကို ဖစ် လို့ရေးနေသူတွေ ကင်ဆာရှိ မရှိ စောစော စစ်သင့်ကြပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ