Covid-19 origins may never be known, US intelligence agencies say ကိုဗစ်၏ မူလအစ

သိနိုင်တာ့မည် မဟုတ်။ လွန်ခဲ့တဲ့ ၂၃ နာရီက သတင်းဖြစ်ပါတယ်။ ကိုဗစ် ဘယ်ကနေစသလဲ အမေရိကန် ထောက်လှမ်းရေးအစီခံစာ ထွက်လာပြီ။

သေခြာတခုကတော့ ဇီဝလက်နက်အတွက်ဖန်တီးတာ မဟုတ်လောက်ပါ။

အမေရိကန် Office of the US Director of National Intelligence (ODNI) အစီရင်ခံစာအရ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်ခြင်းနဲ့ ဓါတ်ခွဲခန်းကနေ မတော်တဆထွက်လာခြင်းဆိုတဲ့ hypotheses ခေါ် အယူအဆဟာလည်း လက်သင့်ခံနိုင်စရာတော့ မှန်တယ်။ ဒါပေမဲ့ တိကျခိုင်မာတဲ့ အထောက်အထား မတွေ့ပါ။

ဒီအစီရင်ခံစာကို တရုပ်က မကျေနပ် ဝေဘန်ပါတယ်။ ဒီအစီရင်ခံစာဟာ declassified report ခေါ် အများသူငါလည်းသိသင့်တဲ့အတန်းအစာမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အစီရင်ခံစာကို အမေရိကန်သမတထံ တင်ခဲ့တာက ပြီးခဲ့တဲ သြဂုတ်လကတည်းကဖြစ်ပြီး ရက် ၉၀ မှာ အပ်ဒိတ် လုပ်ထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးဌာန ၄ ခုက လေ့လာခဲ့တာဖြစ်ပြီး အားလုံးက တသဘောတည်းမကျပါ။

ထောက်လှမ်းရေးဌာန တခုတည်းကတော့ ဒီဗိုင်းရပ်စ်ဟာ Wuhan Institute of Virology ဝူဟန် ဗိုင်းရပ်စ် ဓါတ်ခွဲခန်းထဲမှာ လူကနေ ကိုင်တွယ်ခဲ့တဲ့ အကာင်ကတဆင့် ပြန့်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ တရုပ်အာဏာပိုင်တွေဟာ ဝူဟန်မြို့မှာ ကိုဗစ်ကူးစက်ရောဂါမဖြစ်ခင်အထိ ဒီဗိုင်းရပ်စ် ရှိနေကြောင်း မသိခဲ့ကြလို့ဆိုပါတယ်။ တရုပ်ဟာ ဗိုင်းရပ်စမူလအစကို လေ့လာမှုတွေကို နှောင့်နှေးစေခဲ့တယ်။

၂၀၁၉ ဒီဇင်္ဘာလ ဖြစ်စမှာ ပိုးဟာ ဝူဟန်ရေထွက်အစားအသောက်စျေးကနေစတယ်။ လူကိုကူးစက်တယ်။ 

ဒါပေမဲ့ ယူအက်စ်မီဒီယာရီပို့တွေထဲမှာတော့ ဓါတ်ခွဲခန်းကနေ မတော်တဆထွက်လာလို့ ပါရှိခဲ့တယ်။

ပြီးခဲ့တဲ့ မေလမှာ ဂျိုးဘိုင်ဒင်က စုံစမ်းစစ်ဆေးဘို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ 

ဝါရှင်တန်ရှိ တရုပ်သံရုံးက အမေရိကန်ဟာ သိပ္ပံအထောက်အထားထက် ထောက်လှမ်းရေးကို အားပြုတဲ့ အစီရင်ခံစာလို့ တုန့်ပြန်လိုက်ပါတယ်။ နိုင်ငံရေးပါတယ်တဲ့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ