Diwali ဒေဝါလီအသံထွက်

မြန်မာပြည်အတွက် ၂၀၂၁ အတွက် ဒေဝါလီရက်ဟာ ၄-၁၁-၂၀၂၁ နေ့မှာကျရောက်တယ်။

Diwali - Deepavali - Dīpāvali ဒေဝါလီအသံထွက်

Happy Diwali ဟက်ပီး သီတင်းကျွတ်ပို့စ်ကိုတင်စဉ်က ကွန်မင့်တွေလာတယ်။

၁။ ဆရာခင်ဗျာ ဒေဝါလီနေ့မဟုတ်ဖူးထင်တယ် ဒီပါဝလီနေ့ထင်ပါတယ် သတင်းစာမှာ ဟိန္ဒူတွေ ကြော်ငြာတာ မြင်ဖူးပါတယ် အမှားပါရင် ခွင့်လွှတ်ပါခင်ဗျ။

၂။ မြန်မာတွေ အသံထွက်မှားတယ်ထင်ပါတယ်။ ပ သံမပါဘူးလို့ထင်ပါတယ်။

Diwali ဒေဝါလီ သို့မဟုတ် Deepavali ဒိပါဝါလီလို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။ သကတ္တ ခေါ် ဆန်းစ်ခရစ်လို Dīpāvali ဒီပဝါလီလို့ ခေါ်တယ်။ မြန်မာလိုရေးရတာ အသံထွက် ထပ်တူမကျတတ်ပါ။ ဟင်ဒူဘာသာကိုးကွယ်တဲ့နေရာဒေသတွေမှာ အသံထွက် နည်းနည်းစီကွဲတာလည်းရှိပါတယ်။

ကျွန်တော် ၂၄ နှစ်ကြာနေခဲ့ရတဲ့ အိန္ဒိယမှာ ဒေဝါလီနေ့ ကျရောက်တိုင်း လမ်းတွေပေါ်မှာ လူတွေအပြည့်။ ဆိုင်တိုင်းမှာ လက်ဆောင်ပေးစရာ ဝယ်သူကတွေကလည်း တိုးမပေါက်အောင် စည်တယ်။ အမျိုးတွေ မိတ်ဆွေ သင်္ဂဟတွေအိမ်ကို လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပို့ကြတယ်။ ကျွန်တော် နေစဉ်ကလည်း အဲဒီထုံးစံကို လိုက်ရတယ်။ လက်ဆောင်တွေရတယ်။ လက်ဆောင်ပြန်ပေးရတယ်။ ညမှာ မီးရောင်စုံတွေ အပြိုင်အဆိုင်ထွန်းကြတယ်။ ဗျောက်တွေဖေါက်ကြတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ