Epididymal cysts ကျားအင်္ဂါထဲက အရည်အိတ်

(ကန်တော့)

အသက် ၂၇၊ ကျား၊ အိမ်ထောင် မရှိ ဆရာ ဆေးခန်းလည်း ပြထားပါတယ်။ Ultrasound အဖြေလည်း ရပါပြီ။ နောက်တပါတ်မှ ဆရာ၀န်နဲ့ ထပ်တွေ့ရမှာပါ။ အခုချိန်မှာ မခွဲချင်သေးလို့ပါ ဆရာ။ တခါတခါ နည်းနည်းတော့ အောင့်သလိုဖြစ်ပါတယ်။ ကျားအစေ့က အောင့်တာ မဟုတ်ဘဲ ကပ်ပယ်အိတ်နဲ့ ဆီးခုံကြားက အကြောကအောင့်သလိုဖြစ်တာပါဆရာ။ ဆရာအချိန်အားရင် ဖြေပေးပါဦးဆရာ။

ကင်ဆာမဟုတ်ပါ။ တချို့ကို Spermatoceles လို့လည်းခေါ်တယ်။ ထပ်တူ တူတာတော့မဟုတ်။ အရည်သာပါတာနဲ့ သုက်ရည်ပါတာ။ Epididymitis ခေါ် ကျားအစိရောင်တာနဲ့ ရောတတ် တွဲနေတတ်တယ်။ ရောင်တာက နာတယ်။ အဲဒါက အင်ဖက်ရှင်ခေါ် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။

အရည်အိတ်က ရှိနေမှန်းမသိဖြစ်နေနိုင်တယ်။ အလုံးသေးသေးအပိုလေးရှိတာကို သတိထားမိမယ်။ အောင့်နိုင်တယ်။ လေးသလိုလိုနေမယ်။ အရောင်နီနိုင်တယ်။ အန္တရာယ် မရှိပါ။

နာရင်တော့ အနာသက်သာဆေးလိုနိုင်တယ်။ တချို့တော့ ခွဲစိတ်ကုသရမယ်။ တချို့ကို Aspiration အရည်စုပ်ထုတ်ပေးမယ်။ အရည်ပြန်အောင်းတတ်တယ်။ Percutaneous Sclerotherapy နည်းလည်း တချို့တိုင်းပြည်တွေမှာ လုပ်တယ်။

မေးခွန်က အသက်ကို ရှေ့ပြောင်းရတယ်။ အသက် ကျား မ ကိုအရင်မပြောတာတိုင်းကို ၂ ခါပြန်ဖတ်ရတယ်။ အဲလိုမေးသူက တဝက်လောက်ရှိ်တယ်။ တချို့ကျ ပြန်မေးလည်း မပြောပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း