Exluton တားဆေး နှင့် မျှားမဟုတ်ပါ

(ကန်တော့)

အသက် ၂၈နှစ်ပါ နို့တိုက်မိခင်ကလေးက ၁နှစ် ၂လမှာ exluton တားဆေးစသောက်ပါတယ် ရာသီမလာသေးပါဘူး ကလေးမွေးပြီး ၄၅ရက်မှာရာသီလာပြီး ကလေး ၁နှစ် ၃လပြည့်ခါနီးပါပြီ ခုထိ ရာသီမလာသေးပါ ရာသီပုံမှန်လာစေချင်ပါတယ် ဘာဆေးတွေထပ်ဝယ်သောက်ရမလဲရှင့်

တားဆေးကပ်တခု ကုန်တာနဲ့ သွေးဆင်းပါမယ်။

ဆေးသောက်မှားမှာစိုးလို့ပါ ထိုင်းစာတွေရေးထားတော့ နားမလည်ဘူးရှင့် မှန်လားမှားလားရှင့်

ခဏခဏဖြေတာကို တင်ထားတယ်။ တားဆေးကပ်တွေမှာ ၁-၂-၃ နံပတ်၊ မြား၊ တနင်္ဂနွေ၊ တနင်္လာတွေပါတာက မှတ်သားရ လွယ်အောင်သာဖြစ်။ ဆေးအရောင်တူရင် ဆေးလည်း တူတယ်။ အရောင်တူ ၂၁ လုံးကနေ တနေ့တပြားကျ သောက်ရမယ်။ တရက်မေ့သွားရင် သတိရတာနဲ့ ၂ ပြားသောက်ပြီး နောက်ရက်တွေ ပုံမှန် တနေ့တပြားသောက်။ ၂ ရက် မေ့ရင် စိတ်မချရတော့။ တားဆေးကို ရာသီလာတဲ့ရက်ကနေ စသောက်ရတယ်။ မသောက်ခင် ကိုယ်ဝန်ရှိမနေစေရ။

မျှားမဟုတ်၊ မြား လို့ ရေးရတယ်။ ဆေးရောင်းသူတွေကပါ မှားနေကြတယ်။

ပါတယ်လို့ ရေးရတယ်။ လာပါ၊ သွားပါ၊ သည်လိုပါ၊ ဟုတ်ပါသည်၊ စားပါ၊ ပါချည်ပါချဲ့၊ ပါစင်အောင်လွဲ၊ ပါဋလိပုတ်ပြည်၊ ပါဏာတိပါတ်၊ ပါတိတ်လုံခြည်၊ ပါဒရက်နာ၊ ပါမောက္ခ။

ပ ဆိုတာ ပကတိ၊ ပကာပျဉ်၊ ပခုံး၊ ပခြုပ်၊ ပစိ၊ ပစပ်၊ ပဆုပ်၊ ပနီကောင်၊ မိလိန္ဒပဥှာ၊ ပညာသည်၊ ပညောင်ပင်၊ ပညတ်၊ ပဋိညာဉ်၊ ပဋိပက္ခ၊ ပဋိပတ်၊ ပဋိသန္ဓာရစကား၊ ပဋိစ္စသမုပ္ပာဒ်တရား၊ ပဏာမ၊ ပတဲကောပင်၊ ပတတ်ရပ်၊ ပဌမ၊ ပထမ၊ ပထွေး၊ ပဒုမ္မာကြာ၊ ပဓာနကျ၊ ပနံစား၊ ပနံရ၊ ပနံသင့်၊ ပမာဏအတိုင်းအတာ၊ ပမာမခန့်၊ ပယောဂ၊ ပယင်းရောင်၊ ပရဆေး၊ ပရမာဏုမြူ၊ ပရမတ်တရား၊ ပရဝဏ် (ပရိဝုဏ်)၊ ပရိကံ၊ ပရိနိဗ္ဗာန်၊ ပရိယေသန၊ ပရိယတ်၊ ပရိယာယ်ဝေဝုစ်၊ ပရိသတ်၊ ပရိက္ခရာ၊ ပရိတ်ချည်၊ ပရိတ်မွှန်း၊ ပရုတ်၊ ပင်၊ ပရန္နဝါပင်၊ ပရမ်းပတာ၊ ပလီစိချောက်ချက်၊ ပလူပျံ၊ ပလေကတ် လုံချည်၊ ပလက်တီနမ်၊ ပလာစတာ၊ ပလတ်စတစ်၊ ပလိတ်ပြား၊ ပလုတ်ကျင်း၊ ပလုတ်တုတ်၊ ပလုတ်ပလောင်းစား၊ ပလပ်ထိုး၊ ပလိပ်ရောဂါ၊ ပလုံးတောင်း၊ ပလွေ၊ ပဝါ၊ ပဝါရဏာပွဲ၊ ပဝေဏီရှေးကာလ၊ ပဝတ္တိအရပ်၊ ပသိရောင်ရောဂါ၊ ပသျှူးချုပ်၊ ပဟေဠိ၊ ပဟိုရ်စည်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ