Ripe Mango အိမ်ထက်မှည့်

သူငယ်ချင်းတယောက်က သရက်ပင်နဲ့ သရက်သီးပုံတွေ တင်တယ်။ သူလည်း ဆရာဝန်။ အစားကြိုက်သူ။ ဒီမှာတော့ဗျာ တနှစ်ပတ်လုံး သရက်သီးဝယ်လို့ရတယ်။ အညာသူအိမ်ရှင်မက ခဏခဏဝယ်တယ်။ သရက်သီးက အညာကလာတော့ မဟုတ်။ မက်စီကိုကတဲ့။ တနှစ်လုံးစားရတာ ကောင်းပါရဲ့ ရာသီစာလို့ ခေါ်မရ။

ဒီမှာ စိန်တလုံးမဟုတ်။ ပင်ထက်မှည့် မဟုတ်။ အိမ်ခန်းတွင်း အပူချိန်မှာ အလိုလိုမှည့်လာမယ်လို့ အညွှန်းမှာပါတယ်။ ကြာကြာထားသိုချင်ရင် အပူချိန် ၅၂ အက်ဖ် (၁၁ စီ) မှာ ထားပါတဲ့။ ခပ်ရွမ်းရွမ်းဖြစ်လာပြီ။ မနေ့က ခပ်စိမ်းစိမ်း။ ခပ်ယွင်းယွင်းလို့ အသံထွက်တယ်။ 

ပင့်ထက်မှည့်နည်းက အော်ဂဲနစ်မှည့်နည်း။ အော်ဂဲနစ်စာလုံးကို ဘာမှန်းမသိခင် ငယ်ငယ်က တောမှာ ပင့်ထက်မှည့် သဘောင်္ာသီး၊ သရက်သီးနဲ့ ငှက်ပျောသီးတွေ စားရတယ်။ ပိုပြီး ဆော့နိုင်တယ်။ 

ငယ်စဉ်ကပါပဲ ငှက်ပျောသီးအုပ်နည်း လူကြီးတွေလုပ်ကြတာ မြင်ဖူးတယ်။ စဉ့်အိုးကြီးထဲမှာ အပေါ်ကနေ ပွဲ့လျက်သုတ် ရေပုံးစုတ် အစလေးတွေကို မီးရှိှု့ပြီး အဖုံးအုပ်ထားကြတယ်။ ပွဲညက်သံထွက်တယ်။ ရေပုန်း မဟုတ်။

ငှက်ပျောခိုင်အညှာမှာ သံပူချောင်းရိုက်တာလည်း လုပ်ကြတယ်။ သရက်သီး၊ သြဇာသီးကို ဆန်အိုးထဲထည့်ထားကြတယ်။ ပန်းသီးတို့ စထောဘယ်ရီတို့ကို စာထဲမှာတောင် မဖတ်ဖူးတဲ့ အရွယ်က။

စားစရာအကြောင်းထဲမှာ စာအကြောင်းလည်း ထည့်မယ်။ စိန်တလုံးကို မှန်အောင်မရေးတာ စားမကောင်း။ ရောင်ရင်လည်း ဝယ်မည် မဟုတ်။ အထောဘယ်ရီကိုလည်း စတောဘယ်ရီလို့သာ ၉၉့၉% က ရေးနေကြတယ်။ စထောဘယ်ရီလို့ ရေးသော် ရောင်းရမည် မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ