South Indian Vada ဗမာပြည်က ဗရာကြော်

၁။ ဘယာကျော်(ကြော်)နဲ့ ဗယာကျော်(ကြော်) ဘယ်စာကအမှန်လဲဆရာ
၂။ ဗယာကျော်(ကြော်)လား ဘယာကျော်(ကြော်)လား။ (အဲတာနဲ့ ဒီစာရေးပါတယ်။)
၃။ မတ်ပဲဗယာကျော်(ကြော်)မစားရတာကြာပြီဆရာ။ ဗမာကျော်တဲ့ဗယာကျော်(ကြော်)တွေသာ စားနေရတယ်။ ဗမာဗယာကျော် အိအိလေး စားချင်မိတယ်။ (ကြော်လို့ ရေးရ။)
၄။ ဗမာ အစားအစာ ဗယာကြော်လေးနဲ့ ဗမာချည်ထည် စာပွဲခင်းလေးနဲ့ ဗမာပြည်ပြန်ရောက်နေသလားလို့တောင် ထင်ရတယ် ဆရာကတော်ရဲ့လက်ရာမြန်မာဆန်လိုက်တာ (ဒေါ်မြမြအေးကို ဖတ်ပြလိုက်မယ်။)
၅။ မမအေးကြော်ပေးတဲ့ ဆရားစိတ်ကြိုက် ဗယာကြော်လေး စားချင်စဖွယ်ရာပါဆရာ။ (မမအေး ဖတ်ပြီး။)
၆။ အန်တီအေးက စွယ်စုံတတ်လိုက်တာရှင်။ (အန်တီအေးကို ပြလိုက်မယ်။)
၇။ သမီးကဗယာကြော်တအားကြိုက် အစပ်ပါတာရော ကြက်သွန်နီလေးပါပါတာမြင်ရတာ တအားစားချင်စိတ်ဖြစ်သွားပြီ။ (စားပေတော့။)
၈။ ဗယာ= ပဲ ဘေးဘရာ ကျော်အောင် ဗယာကြော် (Vada ပဲဗယာကြော်စာ ရေးလိုက်တယ်။)
၉။ ဆရာ့ရှင့် ဗလက်ချီးနန်း စကားလုံးအမှန်ကို သိပါရစေရှင့် (ဗလက်ချီးနန်း မဟုတ်ပါ။ ဗလချီးရမ်းလို့ ရှိတယ်။ အရပ်သုံး ဖြစ်တယ်။ ဗရပွ၊ ဗရပျစ်၊ ဗရမ်း ဗဒါ၊ ဗလာင်ဆူ၊ ဗရပြွတ်၊ ဗရွတ်ရွှတ်တ၊ ဗရုတ်ဗရက်၊ ဗရုတ်သုက္ခ၊ ဗရုတ်သုတ်ခ၊ ဗရုန်းဗရင်း၊ ဗရုန်းသုန်းကားဗရဗွေ ဗလပျစ်၊ ဗရဗွေ စောင်းရမ်း၊ ဗလုံးဗထွေး၊ ဗလက်ကာရ၊ ဗလချာ၊ ဗလစ်ဗလစ်၊ ဗလာင်ဆန်၊ ဗယောက်ဗယက်၊ ဗလေ ဗလွင့်၊ ဗလောင်းဗလဲ၊ ဗလောင်ဆန်လို့ရှိတယ်။ ဟိုဟိုသည်သည် အစီအစဉ်တကျ မရှိဘဲ ရမ်းချင်ရာရမ်းတာမျိုးမှာ ပြောလေ့ရှိတယ်။)
ဗ ဗလ အင်အားပြ (သင်ပုန်းကြီး)
ဗ (ဆရာ တင်မိုး)
ဗထက်ချိုင့်လေး ချစ်စရာ
အဲဒါ တို့ဗမာ
တခါတုန်းက ဗမာတဲ့
ရစ်ရွှေယောင်နဲ့ မင်ကြောင်နဲ့
ဟော သည်လိုကွဲ့။
ဗကဗြဟ္မာ
ဗညားကျန်း
ဗညားဒလ
ဗညားအိန်
ဗညားလော
ဗမာပြည်
ဗယား = နောက်ပလိုင်းလွယ်အိတ်
ဗယုသုက္ခ
ဗရာကြော်မုန့်
ဗရုတ်ဗရက်
ဗလုံးဗထွေး
ဗလက်ကာရ = အနိုင်အထက်ပြုသည်
ဗလခွန်အား
ဗလချာ = ရစရာမရှိ၊ တကွဲတပြား
ဗလငါးတန် = ကိုယ် + ဉာဏ် +မိတ်ဆွေ + စည်းစိမ် + အကျင့်ကောင်း
ဗလာ = သစ်ငုတ်တို၊ ဟင်းလင်း။
ဗလိနတ်စာကျွေးသည်
ဗလိဗောဓ = ကြောင့်ကြခြင်း
ဗဟန်းမြို့နယ်
ဗဟန်းကျောင်းတိုက်
ဗဟိုရ်စည်
ဗဟုဝုစ်ကိန်း
ဗဟုဿုတ (ဗဟုသုတ)
ဗယောက်ဗယက်
ဗလောင်တန်
အလယ်ဗဟို
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ