Squamous cell carcinoma အရေပြားကင်ဆာ

နေရောင်နဲ့တွေတာများတဲ့ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ကိုယ်အထက်ပိုင်း၊ ခြေထောက်တွေမှာ အဖြစ်များတယ်။ အမာရွတ်ကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဆိုးတာနဲ့ သိပ်မဆိုးတာဆိုပြီးရှိတယ်။ တိုးတာ-ပွါးတာ နှေးတယ်။ အရေပြား ကင်ဆာထဲမှာ ဒုတိယအများဆုံးဖြစ်တယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ အသားအရေမဲသူတွေမှာ ပိုဆိုးတယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ အသားစဖြတ်ယူစစ်ဆေးမှ ရောဂါအမည်တပ်နိုင်တယ်။

အဆင့် (၁) = 2 cm (0.8 inches) အချင်းထက်ပိုမကြီးသေးဘူး။ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။

အဆင့် (၂) = 2 cm (0.8 inches) အချင်းထက်ပိုကြီးလာပေမဲ့ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။

အဆင့် (၃) = တက်စေ့၊ အရိုး၊ ကြွက်သားတွေမှာ ကင်ဆာဆဲလ်တွေတွေ့လာပြီ။

အဆင့် (၄) = အသဲ၊ အဆုပ်တွေအထိရောက်နေပြီ။

တည်နေရာ၊ အရွယ်အစားနဲ့ အဆင့်အရကုသရတယ်။ 

ခွဲစိတ်ထုတ်ပြစ်မယ်။ ရိုးရြိးခွဲနည်း၊ လေဆာနဲ့ခွဲနည်းအပြင် Moh's micrographic surgery ခွဲနည်းဆိုပြီးရှိတယ်။ ဒါ့အပြင် Cryosurgery နည်းနဲ့ Electro dessication and curettage နည်းတွေလဲရှိသေးတယ်။ 

ဓါတ်ကင်နည်းကို ခွဲဘို့ခက်တာအတွက်သုံးတယ်။ 

ခွဲစိတ်ပြီးနောက်မှာ ကင်ဆာဆေးပေးတာလိုက်ရတာလဲရှိတယ်။ ဓါတ်ကင်ပြီးနောက်လိုက်ရတာလဲရှိတယ်။ 

တခြားကုသနည်းတွေက စမ်းသပ်ဆဲသာရှိသေးတယ်။

ဘေးအထိပြန့်နေသူတွေမှာ ၅ နှစ်သက်တမ်းရှည်သူ ၃၄% ရှိတယ်။

သေးသေးနဲ့ နေရာမှာကွက်ဖြစ်တာဆိုရင် ၉ဝ-၉၉% ပျောက်နိုင်တယ်။ 

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၃


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ