တိုဖူး တို့ဟူး

အေးခဲသော စနိုးပေါ်က တို့ဟူး
အိမ်တိုင်ယာရောက် လာပေးသူ ကျေးဇူး။
တို့ဖူး နဲ့ တို့ဟူး မတူပါ။ ဆိုင်တခုက ဆိုင်းဘုတ်မှာ ရေးထားသလို ထိုဟူးနွေးလို့တော့ မကြားဖူးပါ။ မြန်မာအဘိဓာန် အကျဉ်းချုပ် ၁၉၇၈ ထုတ်ထဲမှာ တို့ဟူး = ကြိတ်၍ စစ်ထားသော ပဲရည်ကို ကျိုပြီး ခဲ့ထားသည့် စားဖွယ် အခဲအပျစ်လို့ ပါတယ်။ ကနေ့ လက်ဆောင်အဖြစ်လာပေးတာ
ကို တို့ဟူးလို့ ခေါ်တယ်။
အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ မပါ။ ကဓိဓဇသတ်ပုံနဲ့ ဦးသာမြတ်သတ်ပုံစာအုပ်တွေထဲမှာ မပါ။ အညာမှာ တို့ဟူးလို့ခေါ်ကြတယ်။ ထိုဟူး မကြားဘူးခဲ့ပါ။
မြန်မာပြည်မူလ အစားအစာမဟုတ်ပါ။ တရုပ်ပြည်ကလာတယ်။ Mapo doufu လို့လည်းခေါ်တယ်။ Mapo tofu လို့လည်းခေါ်တယ်။ တိုဟူးလို့ အပြောများတယ်။ တို့ဟူးလည်း ပြောကြတယ်။ doufu ကို ထိုဟူး၊ ဒိုဖူးသံ ထွက်မလားလည်း မပြောတတ်။
Tofu တိုဖူး အမာခဲ 122 grams ကနေ ရနိုင်တဲ့ အာဟာရဓါတ်တွေ
177 calories ကယ်လိုရီ
5.36 g of carbohydrate ကာဘွန်ဟိုက်ဒရိတ်
12.19 g of fat အဆီ
15.57 g of protein ပရိုတင်း
421 mg of calcium ကယ်လ်စီယမ်
65 of magnesium မက်ဂနီဆီယမ်
3.35 mg of iron သံဓါတ်
282 mg of phosphorus ဖေ့စ်ဖါးရပ်စ်။
တိုဖူးဟာ Bean curd ဖြစ်တယ်။ soy milk ပဲနို့ကို ခဲစေအောင်လုပ်ထားတယ်။ အပျော့အမာ စိတ်ကြိုက်လုပ်ထားတယ်။ ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ