Vitamin K ဗီတာမင် (ကေ)

မင်္ဂလာပါဆရာ vitamin K2 အကြာင်းလေးသိချင်လို့ပါ သောက်သင့်မသောက်သင့်နဲ့ သွေးတိုးအတွက် အထောက်ကူ ဖြစ်မဖြစ် သိချင်လို့ပါဆရာ

ဗီတာမင် (ကေ) ကို ၁၉၂၉ ကတည်းက ဒိန်းမတ်-ဆရာဝန်တဦးက စတွေ့ခဲ့တယ်။ Vitamin K1 နဲ့ Vitamin K2 ဆိုပြီး ၂ မျိုးရှိတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား ဖြစ်တယ်။ ဆီမစားသူတွေမှာ နည်းစေနိုင်တဲ့သဘော ဖြစ်တယ်။ အူထဲမှာ နေတဲ့ ဗက်တီးရီးယားတွေကနေလဲ လုပ်ပေးတယ်။

Vitamin K1 က သွေးခဲစေတယ်။ ဒါ့ကြောင့် Clotting vitamin လို့ခေါ်တယ်။ သွေးတိတ်စေတယ်။ Vitamin K2 က အရိုး-တစ်ရှူးတွေနဲ့ ဆိုင်တယ်။

ဓါတ်ခွဲခန်းမှာ လုပ်ယူတဲ့ Vitamins K3, K4 နဲ့ K5 တွေရှိတယ်။ သဘာဝ ဗီတာမင် (ကေ) လောက်တော့ မကောင်းဘူး။

အစိမ်းရောင် အသီးအရွက်တွေမှာ ပါတယ်။ ဟင်းနုနွယ်၊ မုံလာ၊ မုံလာစိမ်း၊ ကညွတ်၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ စထောဘယ်ရီ၊ ပဲသီး၊ အမဲသား၊ အသဲ၊ နွားနို့၊ ပဲပုပ်၊ ပဲအမျိုးမျိုး၊ ဂျုံ၊ စတာတွေမှာ ပါတယ်။ Vitamin K2 ဟာ အသား၊ ဥတွေမှာပါတယ်။ ပဲပုတ်ဆီမှာ ပါတယ်။

ဗီတာမင် (ကေ) နည်းတတ်တာဟာ ရှားတယ်။ ပုံမှန် အစာစားနေရင် မချို့တဲ့ပါ။ အသဲမကောင်းရင်၊ အရက်သောက်များရင်၊ အူလမ်းမကောင်းရင် နည်းနိုင်တယ်။ ကျား-မ အတူတူ ဖြစ်နိုင်တယ်။ တချို့ မွေးကာစ ကလေးငယ်လေးတွေကို ထိုးပေးရတယ်။ Salicylates, Barbiturates နဲ့ Cefamandole ဆေးတွေကနေ နည်းစေနိုင်တယ်။

Osteoporosis အရိုးအားနည်းရောဂါ၊ Coronary heart disease နှလုံးရောဂါတွေနဲ့ K2 (Menaquinone) ဆက်စပ်နေတယ်။ Anticoagulant/Antiplatelet drugs သွေးကျဲဆေးတွေ သောက်နေရသူတွေဖြစ်လို့ပါ။ Antibiotics (အင်တီဘိုင်အောတစ်) ဆေး ကြာကြာပေးရသူတွေမှာ နည်းတတ်တယ်။

အသက်၊ တနေ့တာ လိုအပ်ချက်၊

0 - 6 months: 2.0 mcg/day

7 - 12 months: 2.5 mcg/day

1 - 3 years: 30 mcg/day

4 - 8 years: 55 mcg/day

9 - 13 years: 60 mcg/day

14 - 18: 75 mcg/day

19 and older: 90 mcg/day

နှာခေါင်း၊ သွားဖုံးကနေ သွေးယိုတတ်သူတွေ၊ ရာသီလာတာ များလွန်းသူတွေကို ဒီဓါတ် နည်း-မနည်း စစ်ရတယ်။ မစစ်ဘဲလဲ ပေးတယ်။ Vitamin K ထိုးဆေးကို နာမည် အမျိုးမျိုးနဲ့လာတယ်။ ဥပမာ Aqua-Mephyton ဖြစ်တယ်။

Life Extension Super K ဆူပါကေ https://dr-tint-swe.blogspot.com/2020/12/life-extension-super-k.html

အားနာနာနဲ့ သတိပေးပါတယ်။ မြန်မာလိုရော အင်္ဂလိပ်လိုပါ အလွန်ကြော်ငြာအားကောင်းတဲ့ဆေးတွေထဲမှာ ဒီ၊ ကေ၊ ဘာညာတို့လည်းပါတယ်။ ဆေးကြော်ငြာစာအရေးအသား ဖတ်တာနဲ့။ နောက် ဆေးဗူးကိုဝယ်ချင်အောင်လုပ်တာကို ကြည့်တာနဲ့ ပိုက်ဆံအတွက်ဆိုတာ သိတဲ့သူတွေက သိကြတယ်။ ကိုဗစ်ဖြစ်စ လတွေမှာ အလွန်ရောင်းကောင်းခဲ့တဲ့ဆေးတွေ။ ကင်ဆာအုပ်စုထဲမှာလို အချင်းချင်း ညွှန်တဲ့ဆေးမျိုးတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ