Walking Backward နောက်ပြန်သွားခြင်း

ငယ်သူငယ်ချင်းတယောက်က အသက်လည်းကြီးပြီ မြန်မြန် မသွားလာနိုင်တော့။ ဒါပေမဲ့ နောက်ပြန်တော့ မလျှောက်တဲ့။ 

နောက်ပြန်လမ်းသလားတာက အသက်ငယ်ငယ်ကြီးကြီး ခက်တယ်။ စာအုပ်ဇောက်ထိုးဖတ်တာလည်း ခက်တယ်။ 

အခုရက်တွေမှာတော့ စာအုပ်ကို အတည့်ဖတ်တာတောင် နားမလည်တဲ့ မြန်မာလိုရေးတာတွေက များတယ်။ ရောင်းကောင်းတဲ့စာအုပ်တွေလည်း ပါတယ်။ သတ်ပုံတွေက မမှန်။

အင်္ဂလိပ်လိုရေးတာတော့ ဖတ်လို့ရတယ်။ နောက်ပြန်သွားတာ ကျန်းမာရေးအတွက် ကောင်းသတဲ့။

ကျွန်တော်တို့ ဆေးကျောင်းသားနှစ်တွေ (၁၉၆၅-၁၉၇၂) က နိုဝင်္ဘာအားကစားလလို့ သတ်မှတ်ခဲ့တယ်။ တပါတ်မှာတခါ ကျုံးတပတ်လမ်းလျှောက်ကြတယ်။ ကျုံးတပါတ်ပြည့်တော့ ကောက်ညှင်းပေါင်းကျွေးတာ စားခဲ့ရတယ်။ ပိုက်ဆံမထွက် ချွေးသာထွက်တယ်။

အခုတော့ ပြည်တွင်းမှာ ကျန်းမာရေးဆိုလို့ ကင်ဆာ နဲ့ ကိုဗစ်ကိုသာ ဂရုစိုက်အားသူ များတယ်။ ကပ်ရောဂါတွေက တခုမှမပြီးသေး နောက်တခု။

နောက်ပြန်သွားသော် တိုင်းပြည်ကျန်းမာရေး ကိုဗစ်ထက်ဆိုးပြီး ကင်ဆာလို အကုရခက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ