အဆိုဒေါ်များအကြောင်း

တင်ထားတာတခုတွေ့တယ်။ ရေးဦးမယ်။ အမျိုးသမီးအဆိုတော်တွေအမည်တွေရှေ့မှာ (ဒေါ်) တပ်ထားတယ်။ အဆိုဒေါ်တွေ။

ဗိမ္မသာရ မရှိ။ ဗိမ္ဗိသာရလို့ ရေးရတယ်။

မောင့်အချစ်မြှားဆူး မဟုတ်။ မောင့်အချစ်မြားစူး။

တောင်တန်းပြာနဲ့ကျောပိုးအိပ် မဟုတ် တောင်တန်းပြာနဲ့ကျောပိုးအိတ်။

ကံ့ကော်တော်မျိုးအောင်ဖြစ်နေတယ်။ တောနဲ့ တော် အတော်ကို မတူပါ။

တစ်ကျော့နှစ်ကျော့တေးကိုသီ မရှိပါ။ တကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ရုပ်ရှင်ရှိတယ်။ တကြော့နှစ်ကြော့တေးကိုသီ ကဗျာရှိတယ်။

သီချင်းတွေ နားထောင်ကောင်းပေမဲ့ သီချင်းစာသား သတ်ပုံမှန်တာ ၁၀% လောက်သာရှိတယ်။ စာရေးဆရာ ကဗျာဆရာတွေ ဟောတာပြောတာ ကောင်းပေမဲ့ သတ်ပုံမှန်နဲ့ရေးတတ်သူ ၁၀% လောက်သာရှိတယ်။

တခြားနေရာတွေမှာ တွေ့တယ်။

ဂီတလုလင်သာရှိ။ ဂီတအဖိုးအို မရှိ။ 

တစ်မာလမ်းကို ပြန်ခဲ့ပါမရှိ။

တစ်ကသိုလ်ကျောင်းသူတစ်ဦး မရှိ။

သတိယနေတယ်သူငယ်ချင်းရေ မရှိ။

ယဉ်တစ်ကိုယ်မယ် မရှိ။

အောင်ချင်းရှစ်ပါး မရှိ။

တစ်ဆောင်းသစ်ပြန်ပြီ မရှိ။

ကျွန်တော်က တေးဂီတကို မသိပါ။ စာအရေးအသားသာ နည်းနည်းသိတယ်။ ဆောရီး။

မြရင်တို့ရွာကို ဒေါ်မြရင်တို့ရွာလို့ မဆိုရ။ 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ