တဏှာ မှသည် တစ်ဏှာ သို့




တဏှာကို (တစ်)ဏှာ လို့ရေးနေကြတယ်။ မြန်မာစာသတ်ပုံမှန်တွေကို မှားအောင်ပြင်တဲ့ ၁၉၈၇-၁၉၉၁ နောက်ပိုင်းမှာ (တ) မှန်သမျှ စသတ်ရမယ်လို့ ထင်ကုန်ကြတယ်။ 

တရားကို (တစ်)ရားလို့ရေးတာတွေရှိကြောင်း သက်သေတွေ တင်ပြခဲ့ပါတယ်။ 

အောက်ပါမြို့ ရွာ ရပ်ကွက် အမည်များပါ (တ) ကို စသတ်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်။ 

ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊

ညောင်တပင် (မုံရွာမြို့)၊

တကောင်း (မန္တလေးတိုင်း)၊

တခက်ကျေးရွာ၊ တရုံကျေးရွာအုပ်စု။

တညင် (သန်လျှင်)

တညောင် (မကွေးတိုင်း)

တနင်္သာရီ (တနင်္သာရီတိုင်း)

ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊

တနယ် (ဒီပဲယင်းမြို့နယ်)

တနယ် (ပုလဲမြို့နယ်)၊

တနယ်ကြီးကုန်း (ဒီပဲယင်းမြို့နယ်)

တနိုင်း (ကချင်ပြည်နယ်)

တမာတန်းရပ် (မုံရွာမြို့)

ငတရော် (ရေစကြိုမြို့နယ်)

တမာတန်းရပ် (မုံရွာမြို့)

တမာတန်းရွာ (ရေစကြိုမြို့နယ်)

တမာပင်ခွ (မြို့နယ်အတော်များများမှာရှိ)

တမူး (စစ်ကိုင်းတိုင်း)

တရုံကျေးရွာအုပ်စု

တရောင်းရွာ (ရမ်းဗြဲမြို့နယ်)၊

ငတရော် (ရေစကြိုမြို့နယ်)

တရော်ကျင်း (ယင်းမာပင်မြို့နယ်)

တရော်တော (ဘုတလင်)

တိုင်တရာ (ပုသိမ်မြို့နယ်)

ထန်းတပင် (ဒီပဲယင်းမြို့နယ်)

ထန်းတပင် (ပဲခူးတိုင်း)

ငါ့တရော် (စစ်ကိုင်း မြို့နယ်)

ထန်းတပင်မြို့ (ရန်ကုန်တိုင်း)

ထန်တလန် (ချင်းပြည်နယ်)

ပင်းတယ (ရှမ်းပြည်နယ်)

ပန်းတနော် (ဧရာဝတီတိုင်း)

ပုန်းတလုတ် (ပင်းတယ)

ငါ့တရော် (စစ်ကိုင်း မြို့နယ်)

ဗိုလ်တထောင် (ရန်ကုန်တိုင်း)

ဗောဓိတထောင် (မုံရွာမြို့နယ်)၊

ဗောဓိတထောင် (ရန်ကုန်တိုင်း)

ဘုတလင် (စစ်ကိုင်းတိုင်း)၊

ဘုတ်တလုတ် (မန္တလေးနန်းတွင်း)

ဘုတ်တလုတ် (အင်းဝ)

စေတုတ္တရာ (မကွေးတိုင်း)

မန္တလေး (မန္တလေးတိုင်း)၊

ရတနာပုံရပ် (မုံရွာမြို့)၊

သခွတ္တနယ် (ဘုတလင်မြို့နယ်)၊

သစ်တပင်ချောင်း (ကာတွန်း)

ဟင်္သာတ (ဧရာဝတီတိုင်း)

စေတုတ္တရာ (မကွေးတိုင်း)

အင်းတကော်မြို့

အိုးတလုံး (မုံရွာမြို့)၊

အုံးတပင် (ဒီပဲယင်းမြို့နယ်)

ညောင်တပင် (မုံရွာမြို့)၊

ထပ်တိုးစရာတွေ အများကြီးရှိဦးမယ်။ သတ်ပုံပြင် မြန်မာစာအဖွဲ့ကြီး ကျန်းမာပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ