ဖိုးသာထူး
ဖိုးသာထူး ဖိုးသာထူး၊
အလွန်ဝတဲ့ဖိုးသာထူး၊
ဖိုးသာထူး ဝမ်းပူပူ၊
ဖိုးဝကြီးနဲ့တူ၊
တူပါသကွဲ့ မယုံငြား၊
သည်မှာ ကြည့်ပါလား။
တချို့က ဖိုးသာထူးဝမ်းပူပူ ဖိုးဝရုပ်နဲ့တူလို့ မှားရေးနေကြတယ်။ ဒီကဗျာကို ဒေါက်တာမောင်ဖြူးက ရေးတယ်လို့ တက္ကသိုလ်မောင်မောင်ကြီးက အသုံးချမြန်မာစာပေ ဆောင်းပါးများ၊ ၁၉၇၀ ဒီဇင်ဘာလထုတ်မှာ ရေးထားပါတယ်။ ဒေါက်တာ တန်ဂွမ်လျောင်လို့လည်း ခေါ်တယ်။
မရွှေဖဲ နဲ့ မောင်ရခဲကိုလည်း ဒေါက်တာမောင်ဖြူးကပဲ ရေးခဲ့တယ်။ ကန်တော်တပတ် ခရီးထပ်လို့ ရေးတယ်။ စက္ကူတကျပ် ငွေတမတ်လို့ ရေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment