ထီးကလေးနဲ့မနီ

သတ်ပုံမှန်အတိုင်း တင်ရကောင်းမှန်းသိသူ အတော်ရှားတဲ့ခေတ်မှာ ဒီစာက မူးရင်းသတ်ပုံမှန်အတိုင်းသာ တင်ပြထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။

ထီးကလေးနဲ့ မနီ - တင်မိုး

ပန်းချီ ပေါ်ဦးသက်

၁၉၇၂၊ ဒုတိယအကြိမ်

၁၈ x ၁၁ စင်တီမီတာ၊ စာမျက်နှာ ၁၁၂ မျက်နှာ

ထီးကလေးနဲ့မနီ (တင်မိုး) https://www.facebook.com/shwethwayjournal/photos/pcb.1117532768652862/1117530048653134/

ထီးကလေးနဲ့မနီ 

မနီကလေး မူမူရာရာ

ထီးကလေးနဲ့လာ

လာပါလေရော့ လာပါတော့

ဆရာခေါ်ပါပေါ့။

တမော့မော့နဲ့ စာပေအံ

သူ့တေးစာစာညံ။

ဆရာ့ထံ စာအံရ

မနီ ပထမ။

ပန်းသဘင် ကဗျာ

မိုးတွေလေတွေ တခြိမ်းခြိမ်း (တစ်ခြိမ်းခြိမ်း မဟုတ်)

လက်ကျန်တဖူး (တစ်ဖူး မဟုတ်)

မနီလာပါ့ လသာည

လမ်းမဖြူးဖြူး ပန်းကဖူး

မနီ ပန်းတွေခူး။

တဖူးကိုတော့ ဘုရားထံ

တဖူး မေမေပန်။

လက်ကျန်တဖူး လိုချင်က

မနီထံကိုလာပါကြ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ