စျေးကွက်မြူး

ကဗျာက စေ့ဆော်သော အခြေအနေနှင့် စပ်လှဉ်း၍အောက်ပါသဓကကို တင်ပြပါသည်။

တောင်တောရယ်သာ၊ မာလာကငုံဖူး။

တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။

အထက်ပါသာဓကတွင် ကဗျာဆရာသည် သူ၏ခံစားမှုကို မဖော်ပြပေ။ ရှုခင်းတကွက်ကိုသာ ဖော်ပြပါသည်။ သို့သော် ကဗျာကိုဖတ်ရသူဝယ် ခံစားမှုသည် ပေါ်လာပါသည်။ ဤသို့ ခံစားမှုပေါ်လာခြင်းကို ကဗျာက စေ့ဆော်သော စိတ်အခြေအနေဟု ဆိုပါသည်။

တက္ကသိုလ် မောင်မောင်ကြီး

အသုံးချမြန်မာစာပေ ဆောင်းပါးများ

၁၉၇၀ ဒီဇင်ဘာလထုတ်

ခုခေတ် တစ်ကသိုလ်တွေကတော့ တပင်ကို တပင်လို့ မရေး၊ တကွက်ကို တကွက်လို့ မရေးတတ်ကြပါ။ စာပေဆုချီးမြှင့်သူတွေနဲ့ ချီးမြှင့်ခံရသူတွေကလည်း တပင်ကို တပင်လို့ မရေး၊ တကွက်ကို တကွက်လို့ မရေးတတ်ကြပါ။ အဲလိုမရေးတဲ့စာအုပ်တွေက ရောင်းကောင်းတယ်။ စျေးကွက်မြူး။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ