လှေ စကားပုံများ

ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်

ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်

ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား

တောင်ကြီးဖဝါးအောက် လှိုင်းကြီးလှေအောက်

လှေနံ နှစ်ဖက်နင်း

လှေအဆင်း မြင်းအတက်

တလှေတည်းစီး တခရီးတည်းသွား

ငါ့လှေငါထိုး ပဲခူးရောက်ရောက် 

လှေနံဓားထစ်

၁၉၉၄- ၁၉၉၅ လောက်က တလှေတည်းစီး ခရီးတူသွားသူတွေနဲ့ သောင်ရင်းမြစ်မှာ လှေထဲကရေ ခပ်ထုတ်ရဖူးတယ်။ 

ဒီစာရေးပြီးနောက် နှစ် ၁၅ လောက်ကြာတော့ ကျွန်တော်တို့တတွေ ရေထဲကတက်လာကြပြီး၊ မတူလှတဲ့ခရီး ဆက်သွားနေကြတယ်။ သောင်ရင်းမြစ်ရေ ဆက်စီးနေတယ်။ 

အခုတော့ သောင်းရင်းမြစ်ထဲမှာ လူသစ်တွေ စုန်ချီ ဆန်ချီ သွားလာနေကြရပြန်ပါပြီ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ