Multi-billion EU bid to challenge Chinese influence အီးယူကနေ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်

တရုပ်ကို ချဲလင့်လုပ်တာဖြစ်တယ်လို့ ကနေ့သတင်းကဆိုပါတယ်။ တိတိကျကျဆိုရင် တရုပ်ရဲ့ မဟာစီမံကိန်းကြီး ဖြစ်တဲ့ Belt and Road Initiative ခေါ်ခါးပတ်လမ်းမကြီး။

ဒစ်ဂျစ်တယ်၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အင်နာဂျီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမယ်။ အီးယူရဲ့အရင် တရုပ်က အာဖရိကနဲ့ နေရာတိုင်းမှာ လုပ်ထားပြီးသား။

အီးယူဥက္ကဌ Ursula von der Leyen အူလီဆာက Global Gateway Initiative လို့ အမည်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၁၄ မျက်နှာပါ ဒေါ့ကူးမင့်တခု ထွက်လာတယ်။ တရုပ်ရဲ့ မဟာစီမံကန်းဟာ လမ်းသစ်တွေ၊ တံတားသစ်တွေနဲ့ ဆိပ်ကမ်းသစ်တွေပါတယ်။ တရုပ်လက်တံရှည်ဟာ အင်ဒို-ပစိဖိတ်ကနေ ဥရောပအနားက ဘော်လကန်ဒေသအထိရောက်တယ်။ 

တရုပ်လုပ်နည်းကြောင့် predatory loans ချေးယူငွေတွေများပြီး တချို့နိုင်ငံငယ်တွေ debt-trap diplomacy အကြွေးထောင်ခြောက်ထဲ ရောက်ကုန်ကြတယ်။ တရုပ်အတွက်သာ အကျိုးများတဲ့နည်းဖြစ်တယ်။

ကြာတော့ အနောက်အုပ်စုနဲ့ ထိပ်တိုက်တွေ့လာတယ်။ အီးယူကကော တရုပ်ကို ချဲလင့်လုပ်နိုင်ပါ့မလား။ ယူအက်စ်နဲ့ အီးယူလက်တွဲကြလိမ့်မယ်။ တရုပ်နဲ့ မတူတာက အီးယူက transparent ပွင့်လင်းမြင်သာမှုနဲ့ values-based တန်ဖိုးထားမှုကို အခြေပြုတယ်။

Chinese RBI infrastructure projects around the globe တရုပ်ရဲ့ မေဂျာပရောဂျက်များ
• Pakistan = $27.3bn ပါကစ်စတန်။
• Indonesia = $20.3bn အင်ဒိုနီးရှား။
• Kazakhstan = $12bn ကဇာ့ကစ်စတန်။ (Source: AidData)

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၂၁

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ