Pentagon to build up US bases in Guam and Australia to meet China challenge

အမေရိကန်က ဂူအမ်ကျွန်းနဲ့ သြစတေးလျမှာ စစ်အခြေစိုက်စခန်းတွေ တည်ဆောက်မယ်

၂၉-၁၁-၂၀၂၁ နေ့ သတင်း။ တရုပ်ကို ဦးတည်တာဖြစ်ပါမယ်။

ဖေဖေါ်ဝါရီလမှာ သမတဂျိုးဘိုင်ဒင်က ခန့်လိုက်တဲ့ ကာကွယ်ရေးဝန်ကြီး အော်စတင်ကို တာဝန်ပေးခဲ့ရာကနေ ဖြစ်လာတာ။ မတ်လမှာ global posture review ခေါ် ကမ္ဘာလုံးဆိုင်ရာ အနေအထားဆန်းစစ်မှုလုပ်ခဲ့တယ်။ အစီအစဉ် အသေးစိတ်ကိုတော့ လျှို့ဝှက်ထားပါတယ်။ ဘိုင်ဒင်က အတည်ပြုပြီးပြီ။

အင်ဒို-ပစိဖိတ်ဒေသကို ဦးတည်ခြင်းဟာ ဘိုင်ဒင်လက်ထက်မှာ စတင်တယ်။ တရုပ်ကို ပစ်မှတ်ထားတယ်။ တရုပ်ကလည်း တိုင်ဝမ်ကို ပစ်မှတ်ထားပြီး လုပ်ဆောင်လာနေတယ်။

သြစတေးလျမှာ ဖိုက်တာဂျက်တွေနဲ့ ဗုံးကြဲလေယာဉ်တွေချထားမယ်။ မြေပြင်စစ်သည် လေ့ကျင့်ရေးစခန်းတွေ ရှိမယ်။ အခြေခံအဆောက်အအုံတွေ တည်ဆောက်မယ်။ တခြားအရေးမပါတော့တဲ့ နေရာတွေက တပ်သားတွေနဲ့ ကရိယာတွေ ရွှေ့လာမယ်။

တရုပ်ကလည်း ရုရှားနဲ့ စစ်ရေးပူးပေါင်းတာတွေ တိုးလုပ်နေတယ်။ ပိုကောင်းတဲ့လက်နက်သစ်တွေ စမ်းတယ်။

အမေရိကန်ဟာ ဥရောပမှာလည်း အဆင်သင့်အနေအထားအဆင့် ပြန်လုပ်နေတယ်။ အင်ဒိုပစိဖိတ်မှာ ဆက်လုပ်လာတာဖြစ်တယ်။ 

မကြာသေးခင်က တရုပ်ကကန့်ကွက်တဲ့ကြားကနေ အမေရိကန် အမတ်တွေ တိုင်ဝမ်ကိုသွားကြတယ်။

အရှေ့အလယ်ပိုင်းမှာလည်း ယူအက်စ်ဟာ အိုင်အက်အိုင်အက်စ်ကို ချေမှုန်းရေး ဆက်လုပ်တယ်။ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်တပ်တွေထားသေးတယ်။ အာဖကန်ကို ဆက်မဝင်တော့။ အင်ဒို-ပစိတ်ဖိတ်ကို ပိုအပေးလာတယ်။

အမေရိကန်ဟာ သူ့မဟာမိတ်တွေဖြစ်ကြတဲ့ နေတိုးအဖွဲ့ဝင်တွေအပြင် သြစတေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ပါတနာ တဒါဇင်လောက်နဲ့ပါ ညှိနှိုင်းမှုပေါင်း ၇၅ ကြိမ်ပြုလုပ်ပြီးပြီ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ