Roadside Water လမ်းဘေး ရေအိုးစင်

တနေ့က ရေးရသေးတယ်။ ရေကို မတ်တတ်မသောက်ရခြင်းအကြောင်းဆိုတာကို သဘောကျနေကြတာ တွေ့လို့။ မတ်တတ်သတ်ပုံလည်း မှန်တာမတွေ့။ မှားရေးတာတွေဆို လိုက်ခ်တွေ ရှယ်တွေက များတယ်။

ဖာတလုံးခေါင်းကြား ဇာတ်ကားထဲမှာ မင်းသားရော သူတောင်းစားပါ မတ်တတ်ရပ် ရေသောက်ကြတယ်။

လမ်းဘေးရေအိုးစင် ကုသိုလ်ပြုသူတွေ အနားမှာ ဆိက်တီကုလားထိုင်ပါ ထားပေးရမလို။

ကျန်းမာရေးအကြောင်းစာတွေကို ဖတ်ကြလားတော့ မသိ၊ အကျိုးရှိတယ်လို့ ပြန်ပြောဖေါ်ရသူက နည်းနည်းလေးသာရှိတယ်လို့ စဉ်းစားမိလေ့ရှိပါတယ်။

ပြီးမှ ပြန်စဉ်းစားကြည့်တယ်။ လမ်းဘေးရေအိုးစင်မှာ၊ ကျေးဇူတင်လွှာရေးစရာ ဝှိုက်ဘုတ်မရှိပါ။ ငါဆိုတဲ့ကောင် ဘာမျှော်နေတယ်မသိ၊ အတော်ညံ့ပါဘိ။

ကျွန်တော့်ရေအိုးစင်မှာ တခါတခါ ခွက်ပျောက်တယ်။ ရေအိုးစင်မှာ ရေလည်းဖြည့်၊ ခွက်လည်း ဖြည့်ပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ