Salt and Sugar ဆား နဲ့ သကြား

ဆေးသုတေသနအသစ်တခုအရ သွေးတိုးရောဂါမှာ ဆားထက် သကြားပိုစားရင် ပိုဆိုးတာကိုတွေ့ရပါတယ်။ သကြားဆိုတာ Monosaccharide fructose ကိုပြောတာဖြစ်ပါတယ်။ နှလုံး-သွေးကြောရောဂါတွေဟာ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ အသက်တိုစေနေပါတယ်။

သွေးတိုးရောဂါကြောင့် အမေရိကမှာ ၂၀၀၉ ခုနှစ်တုန်းက လူပေါင်း ၃၄၈၀၀၀ ယောက် သေဆုံးခဲ့ပါတယ်။ ငွေကြေးအနေနဲ့ ဒေါ်လာ ၅၀ ဘီလီယန်ကုန်ကျပါတယ်။ သွေးတိုးရောဂါ ထိန်းချုပ်နိုင်ရေးကို ပြည်သူ့ကျန်းမာရေးမှာ ဦးစားပေးထားပါတယ်။ အစာအာဟာရနည်းနဲ့ ဆာလျှော့စားအောင် ချဉ်းကပ်နည်းလဲပါတယ်။ ဒီလမ်းညွှန်တွေရဲ့ထိရောက်မှုကို အမြဲ ဆန်းစစ်နေပါတယ်။ ဆားလျှော့လို့ သွေးတိုးကျတာ နည်းပါးတာတွေ့လာရပါတယ်။

လတ်တလော ဆန်းစစ်မှုတခုကို လူပေါင်း တသိန်းကိုလုပ်ခဲ့ပါတယ်။ ဆားတနေ့မှာ 3-6 g/day သာ စားစေသူတွေမှာ နှလုံး-သွေးကြောရောဂါနဲ့ သေဆုံးရနှုန်းဟာ ဒိထက် (ဆိုဒီယမ်) ဆား ပိုစားသူတွေထက် နည်းတာသိရပါတယ်။ ဒါပေမဲ့ တနေ့မှာ ဆား 3 g/day ထက်နည်းရင်လဲ မကောင်းပါ။ Processed foods ပြုပြင်ထားတဲ့အစားအစာတွေကနေ ဆားပိုရနေကြတယ်။ အလားတူပဲ ပြုပြင်ထားတဲ့ (ကာဗွန်ဟိုက်ဒရိတ်) ကနေလဲ မသင့်တာတွေ့ရပါသေးတယ်။

သကြားအမျိုးမျိုးမှာ (၁) စားပွဲသကြားဖြစ်တဲ့ Sucrose (ဆူးခရို့စ်) သကြား၊ Glucose (ဂလူးကို့စ်) နဲ့ Fructose (ဖရပ်တို့စ်) တွေဖြစ်တယ်။ ပြုပြင်ထားတဲ့အစားအစာတွေထဲမှာ (ဆူးခရို့စ်) သကြားပါတယ်။ (ဖရပ်တို့စ်) နဲ့ (ဂလူးကို့စ်) အညီအမျှ ပါတယ်။ High-fructose corn syrup (HFCS) အချိုရည်ထဲမှာ (ဖရပ်တို့စ်) ၅၅% နဲ့ (ဂလူးကို့စ်) ၄၅% ပါတယ်။

အချိုရည် ဥပမာ ဆိုဒါ ၂၄ အောင်စသောက်ရင် ပျမ်းမျှ သွေးဖိအား 15/9 mm Hg တိုးပြီး၊ နှလုံးခုန်နှုန်း 9 bpm ပိုမြန်တယ်။ ဒီအချက်ကိုကြည့်ရင် အချို (သကြား) ဟာ ဆား (ဆိုဒီယမ်) ထက် သွေးတိုးကို ပိုဆိုးစေတာတွေ့ရပါတယ်။ ၈ ပါတ်ကြာလေ့လာမှုအရ သကြားများပြီး စားသောက်သူတွေမှာ သွေးဖိအား အပေါ်ဂဏန်း 6.9 mm Hg နဲ့ အောက်ဂဏန်း 5.6 mm Hg တိုးလာစေတာတွေ့ရတယ်။ သကြား စက်မှုလုပ်ငန်းကနေ ထုတ်ပြန်ခဲ့တာကတော့ 7.6/6.1 mm Hg တက်တယ်လို့ဖြစ်ပါတယ်။

(ကယ်လိုရီ) ၂၅% ဒါမှမဟုတ် ဒိထက်ပိုစားသုံးသူတွေမှာ နှလုံး-သွေးတိုးကြောင့်သေဆုံးမှု (၃) ဆ များတယ်။ လက်ရှိ အမေရိကန် နှလုံးရောဂါအသင်းနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကနေ သတ်မှတ်ပေးထားတာထက် လူတွေက (၂) ဆ ကနေ (၈) ဆပိုစားနေကြတယ်။ လူငယ်တွေမှာဆို (၁၆) ဆ များနေပါတယ်။

ဒါကြောင့် သကြားလျှော့စားသောက်ပါ။ ပြုပြင်ထားတဲ့အချိုစာတွေ လျှော့စားသုံးပါ။ ကိုယ်ရောင်နေသူတွေအတွက်တော့ ဆားကပိုဆိုးစေပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ