(ကန်တော့) ဆရာ မိန်းမကိုယ်မာ (မှာ) ယားနာဖုသေးသေးလေးတေ(တွေ) ပေါက်နေတာ များတယ် ဘာဆေးလိမ်းရမလဲ သောက်ဆေးရော ပြောပါအုန်း မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဟုတ်ကဲ့ရှင် အမျိူးသမီးပါ။ အသက်က ၃၃ ပါဆရာ အိမ်ထောင်ရှိပါတယ် ကလေးနှစ်ယောက်ရှိပါတယ်ရှင်။ ယားနာတော့ မဟုတ်လောက်။ ဒီနေရာမှာ ကြွက်နို့နဲ့ ရေယုံလည်း ဖြစ်တတ်တယ်။ အဖြူဆင်းတာနဲ့တွဲပြီး ယားတယ်။ အခုတလော မေးကြတာ ၃ ယောက်ရှိပြီ။ မိုးစိုစို မှိုကိုသတိထား။ မှတ်ရန် ကျန်းမာရေးမေခွန်းမှာ စာကို မှန်အောင်မရေးလည်း ဖတ်လို့တာလည်လောက်ရင် တလေးတစားဖြေပါတယ်။ Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲ...
Comments
Post a Comment