မှီ နဲ့ မီ စမ်း နဲ့ ဆမ်း

Happy new year အမှီ (အမီ) ချက်စားဖို့ အရမ်းစားကောင်းတဲ့ ကြက်သောက်စမ်း (ဆမ်း) ရှယ်ချက်နည်းလေး

အမီလို့ ရေးရ။ စမ်း နဲ့ ဆမ်း မတူပါ။ (ပုံက တခြားကဖြစ်ပါတယ်။)

စုံစမ်း

စမ်းစလုတ် (ချောင်း)

စမ်းတဝါးဝါး

စမ်းတိစမ်းတမ်း

စမ်းသပ်

စမ်းချောင်း

စားစမ်း

စိမ့်စမ်းရေယဉ်

စူးစမ်းဆင်ခြင်

ဆီဆမ်း

ပျားရည်ဆမ်းခရီး

လက်နှင့်စမ်း

လာစမ်း

သွားစမ်း

ဟင်းရည်ဆမ်း

ခါတော်မီ

တိုင်ကိုမှီနေသည်

ကြီးရင်မှီ ငယ်ရင်ချီ

မတိုင်မီ

မကြာမီလာမည် 

မလာမီ (မလာခင်)

မှီကပ်နေသည်

မှီခိုသူ

မှီတင်းနေထိုင်ကြသည်

မှီငြမ်းပြုသည်

မှီဝဲပါ

မှီအုံး

မသွားမီ

မီအောင်ဆိုပါ

မီအောင်လိုက်ပါ

မပြောမီ

လှတာလိုက်လို့မမီဘူး

အချိန်မီ

အချိန်မစေ့မီ (အချိန်မတိုင်ခင်) 

ဘယ်ပန်းချီရေးလို ့ မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0

https://www.youtube.com/watch?v=civ6FCBUCHE

တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်း ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်းမှာ သီချင်းစားသာတွေကလည်း အတော်မှားနေတယ်။ ပုံပါလင့်တခုသာ မှန်တယ်။

https://www.youtube.com/watch?v=voD_I-Wn3Kw

မြန်မာသတ်ပုံရယ် ဆောင်းအမီရောက်အောင် ပြန်ခဲ့စေချင်တယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ