အပျော်ဆုံးငှက်

တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူဟာ သူ့ကိုယ်သူ လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ ဆိုပြီး ဘဝကို သာယာနေတယ်။ တနေ့မှာတော့ ကျီးကန်းဟာ ဗျိုင်းတကောင်ကို တွေ့တယ်။

သူ့တကိုယ်လုံးက ဖြူဖွေးနေတာပဲ။ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ ဗျိုင်းကို သူ သွားပြောတယ်။

"ကိုဗျိုင်းရာ၊ ခင်ဗျားအရောင်က ဖြူဖွေးနေတာဘဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက် မဟုတ်လား"

ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ "ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိပါ။ ကျွန်တော်က အဖြူရောင်တခုတည်း ရှိတာ သူ့မှာက အရောင်နှစ်မျိုး ရှိတယ် သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင်း ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပဲမဟုတ်လား"

ကြက်တူရွေးက "ဟား၊ ကျွန်တော်က ဘာဟုတ်သေးလဲဗျာ။ ကျွန်တော့်မှာ အရောင် ၂ မျိုးပဲ ရှိတာ။ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။

အားပါး လှလိုက်တာ။ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်ထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။

"ကိုဒေါင်း ခင်ဗျာ ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံး ငှက်ပဲဗျာ။ လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ် တော့တာပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ" လို့ ပြောတယ်။

ဒီအချိန်မှာ ဒေါင်းက "အင်းဗျာ၊ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမယ့် ကျွန်တော်ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။ ဒီမှာမိတ်ဆွေကျီး ကျွန်တော် တိရစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်းပြီးပြီ။ လှောင်အိမ်ထဲ ထည့်ခံ မထားရတာ ဆိုလို့ ကျီးကန်ပဲ ရှိတယ်ဗျ။

ကျွန်တော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ်လို့ပေါ့။ လွတ်လွတ် လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေ မြင်ရင် ကျွန်တော် အရမ်းအားကျတယ်ဗျာ" လို့ ကျီးကန်းကို ပြန်ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့ဟာ တခါတလေ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့ ပြသနာတွေပေါ်မှာ မကျေမနပ် ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ် ကြပါတယ်။ တကယ်တော့ ဘယ်လို ဘဝမျိုးဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။

သတ်ပုံမှန်နဲ့ ရေးသာတင်ထားသူ ကွန်ဂရက်ကျူလေးရှင်း။

https://www.love-media.xyz/2021/11/happybird.html?fbclid=IwAR0bW65HDtcBtaYJUfQEpZ3OBgofWyfyydrj6NE6eK8W1kt9z6xh7DHxKDY

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ