နိုင်ငံတော်သတ်ပုံ မှားနေသည်



သူငယ်ချင်းဆရာဝန်က ထောက်ပြတယ်။ နိုင်ငံတစ်ဝန်း တ စသတ်ရုံမက တဝန်းနဲ့တဝှမ်းမကွဲ၊ ပတ်ဝန်းကျင် အဝန်းအဝိုင်းလား တနိုင်ငံလုံးဆိုတဲ့နိုင်ငံတဝှမ်းလို့ပြောချင်တာလား။ ကမ္ဘာတလွှား၊ ကမ္ဘာတဝှမ်း၊ နိုင်ငံတဝှမ်း အသုံးမှန်။

ဆရာဝန်ကျွန်တော်လည်း ပါဦးမယ်။ နိုင်ငံတော်သတ်ပုံ မှားနေသည်။ မီဒီယာ သတ်ပုံမမှန်။

နိုင်ငံတဝှမ်း၊ 

နိုင်ငံတဝန်းလုံး

ချိုင့်ဝှမ်း

တိမ်ဝှမ်း

နက်ကျယ်ဝှမ်း

မဝှမ်းမကော

အဝှမ်းလယ်

ကြေးဝှမ်းသည်

မြေပြင်တဝန်း

အနီးတဝိုက်မှာ သာယာ၏။

ချက်နားတဝိုက် နာနေသည်။

ထိုနယ်တဝိုက် ရောဂါတွေဖြစ်နေသည်။

ဒေသတဝိုက် တိုက်ပွဲဖြစ်နေသည်။

တဝန်း (တခုလုံး၊ နိုင်ငံတဝန်းလုံး)

ဝန်းကျင်တခို သာစေလို ရေကိုမဖြုန်းနှင့်။ 

နိုင်ငံတဝှမ်း အေးချမ်းကြပါစေ။

ရေချိုးဆိပ် (တေးရေး - မြို့မငြိမ်း)

ကမ်းဆိပ်ရိပ်သာ သီတာရေယာဉ် ဧရာခွေဝန်း သောင်ထွန်းတဲ့ တဖက်ကျွန်းဆွယ်  ညနေချမ်းဆီ နေရီရီ  ရောင်ခြည် ဆွတ်ဖျန်း ကမ္ဘာတဝှမ်း အလှဆန်းကြယ် 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ