မိုးနမ်းတောင်

အချစ် ကြည့်စမ်း

တထစ် လှမ်းစရာ

ဒါဟာ အသစ်

နှစ်ဆန်းတရက်ကွဲ့။

မနက်ဖန်အတွက်

ခရီးထွက်ဖို့

သက္ကရာဇ် အသစ်တိုး

တဆစ်ချိုး နှစ်ဆစ်ကွေ့

ဟောဟိုရှေ့မှာ

တိမ်လွှာကို ရိုကျိုး

မိုးကို နမ်းနေတဲ့

မိုးနမ်းတောင်ကြီး

မောင်တို့ခရီးကို

ဟန့်ဆီး တင်းမှောင်

ပါးပြင်းထောင်လို့နေပေါ့။

လှိုင်းအပုတ်မှာ

ဗျိုင်းတအုပ် လန့်ပျံ

ကြံ့ကြံ့မခံနိုင်

သောင်ယံကို ခွာခွဲ

သည်လို ဘာဖြစ်လို့

ကိုယ်ခံအားနည်းရမှာလည်း။

နွေမြေမာကျစ်

စေးပျစ်ခြုံအထပ်ထပ်

ကျပ်တည်းကုန်းမြေအငူ

လေပူပူမှာ

ပလွေကြူသံလား

မြွေမြူသံလား

အသံများကို နားထောင်

မိုးနမ်းတောင်ကို

မောင်တို့ ကျော်လွှား

တနေ့သားတော့

ဖဝါးခြေရာချန်

ဘာဖြစ်လို့ အိမ်ပြန်မလှရမှာလည်း။ (မောင်ခိုင်မာ)

သတ်ပုံမူရင်းအတိုင်း တင်ပေးထားသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ