ပဲ သတ်ပုံ

၁။ ပဲလေးတွေ့လို့ ဝယ်လာတယ်။ ရွာက ကတ္တီပါပဲ နဲ့ တူမလားပဲ။ ကျနော်က အညာသားမဟုတ်ပေမယ့် ပဲကြိုက်ပါတယ်။ စားတော်ပဲ၊ ကတ္တီပါပဲ၊ ကုလားပဲ၊ပဲနီလေး စသည်ပေါ့။ ရွာထဲမှာ ပဲပြုပ်သည် နှစ်ယောက်ရှိတယ်။ တစ်ယောက်က မနက်အစော စားတော်ပဲပြုပ်တမျိုးပဲရောင်းတယ်။ နောက်တစ်ဦးက မနက်ကို စားတော်ပဲပြုပ်ရောင်းပြီး ညနေကို ပဲကတ္တီပါပြုပ်ရောင်းတယ်။ 

တမျိုးပဲ ကတော့ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တစ်ယောက်၊ နောက်တစ်ဦးတွေကတော့ အပြုတ်လွန်သွားတယ်။
ပဲပြုတ်လို့ ရေးရ။ ပြုပ်က ဖားပြုပ်ကောင်၊ ဘာပြုပ်ကောင်။

၂။ ပဲစင်းငုံလို့ ရေးတယ်မို့လားဆရာ တောင်သူလုပ်စဉ်က အဓိကထားစိုက်ခဲ့ပါတယ်။ ဟင်းစားပဲမှာ တန်ဘိုးထားမခံရဘူး၊ မြန်မာပြည်မှာပါဆရာ။ အဆစ်အမြစ် ကိုက်တာနဲ့ပတ်သက်လို့ ကောင်းတယ် ဆိုကြတယ်ဆရာ။

တိုင်းရင်းဆေးနည်းတွေ မသိပါ။ ဒေါ်မြမြအေးကတော့ သူငယ်ငယ်က အမျိုးသမီးတွေကို အဲဒီပဲ စားခိုင်းတာ သိတယ်တဲ့။ အရင်သတ်ပုံစာအုပ်တွေမှာ ပဲစင်းခုန်လို့ ရေးတယ်။ ခုခေတ်ထုတ် သတ်ပုံစာအုပ်တွေမှာ ပဲစင်းငုံလို့ရေးတယ်။ 

အရင်ထုတ်သတ်ပုံစာအုပ်မှ
စားတော်ပဲ
တပဲ = လေးရွေး
ပဲကတိုး
ပဲကျား
ပဲခွပ်
ပဲခူးစာငှက်
ပဲချဉ်ပေါင်
ပဲစင်းငုံ (ပဲစင်းခုန်၊ ပဲစင်းဂုံ၊ ပဲစဉ်းငုံ)
ပဲစိမ်းစားဥ
ပဲစုန်းကြူး
ပဲတလက်
ပဲတီချဉ်
ပဲတီစိမ်း
ပဲနံ့သာ
ပဲပိစပ်
ပဲပုစွန်
ပဲကြီး
ပဲပြားပုပ်
ပဲလင်းမြွေသီး
ပဲလွမ်း
ပဲစောင်းလျား
ပဲဆေးလုံး
ပဲနောက်
ပဲကြော်
ပဲလှော်
ဗိုလ်စားပဲ
မလာပဲ မသွားပဲ
မလုပ်ပဲ မကိုင်ပဲ
မပြောပဲ မဆိုပဲ
ဝမ်းပဲငှက်
မြေပဲ

နောက်ထုတ်သတ်ပုံစာအုပ်မှ
ပဲကတ္တီပါ
ပဲကပ်ကြော်
ပဲကျပ်ပျဉ်
ပဲကျား
ပဲခွပ်
ပဲခူးတိုင်း
ပဲငံပြာရည်
ပဲငါးပိ
ပဲစင်းငုံ
ပဲစိမ်းစားဥ
ပဲစုန်းပြူး
ပဲဆန်
ပဲဆုပ်မုန့်
ပဲတင်းပဲကျေ
ပဲတီချဉ်
ပဲကြီးခွံတွန့်
ပဲဒလက်
ပဲနံ့သာ
ပဲနပြား
ပဲပိစပ်
ပဲပုစွန်
ပဲပုပ်
ပဲယွံ
ပဲယဉ်း
ပဲလွမ်း
ပဲလိပ်
ပဲသီတာနာ
ပဲစောင်းလျား
ပဲတောင့်ပြုတ်ငှက်
ပဲထွေး (ငှက်)
ပဲလေးညှင်း

နောက်တိုးစရာပဲတွေ ရှိသေးတယ်။ တောင်အမေရိကပဲတွေကို မြန်မာလိုပြန်တာ မရှိသေး။ ပီရူးကလာတဲ့ လီမာပဲက ကျွန်တော်တို့ဆီက ယောနယ်ကပဲနဲ့ တူတယ်။ ရှိသေးတယ်။ မရေးအားသေးပါ။

ခုခေတ်မှာ မြန်မာစာသတ်ပုံတွေ ကမောက်ကမဖြစ်နေတယ်။ ဖေါ်မြူလာဆိုပြီး ထွင်ကြတယ်။ မမှန်တာ များတယ်။ မ နောက်က ဘဲ လိုက်တဲ့။ ကျွန်တော်တို့ခေတ်မှာ ဖတ်ရုံပဲ ဖတ်ပါ၊ လူပဲ နတ်ပဲလို့ရေးတယ်။ လူဘဲလို့သာရေးရင် လူတပိုင်း ဘဲတပိုင်းသတ္တဝါဖြစ်တယ်။

ပဲတောင်သူတွေ ပဲကုန်သည်တွေ ပဲစားသူတွေ ဘယ်မှာနေနေ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ