ထိုမှတပါး တနည်းကား

၇၇၅။ မှန်ပေ၏ “မမြဲသောအခြင်းအရာအားဖြင့် နှလုံးသွင်းသောသူအား သဒ္ဓိန္ဒြေသည်လွန်ကဲ၏။ သဒ္ဓိန္ဒြေလွန်ကဲသောကြောင့် သောတာပတ္တိမဂ်ကို ရ၏။ ထို့ကြောင့် သဒ္ဓါနုဿာရီပုဂ္ဂိုလ်ဟုဆိုအပ်၏” ဟူသော စကားကို၎င်း၊ ထိုမှတပါး “မမြဲသော အခြင်းအရာအားဖြင့် နှလုံးသွင်းသောသူအား သဒ္ဓိန္ဒြေသည်လွန်ကဲ၏။ သဒ္ဓိန္ဒြေလွန်ကဲသောကြောင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြု (အပ်)၏၊ ထို့ကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟု ဆိုအပ်၏” ဤသို့ အစရှိသော စကားကို၎င်း ဟောတော်မူ (အပ်)၏။

၇၇၇။ ဆိုခဲ့ပြီးသည်မှ တပါးသောလေးပုဒ်တို့၌ ယုံကြည်မှုသဒ္ဓါသို့ အစဉ်လိုက်၏။ တနည်းကား ယုံကြည်မှုသဒ္ဓါတရားဖြင့် (သစ္စာကိုသိခြင်းအား) လျော်စွာ သွားတတ်၏၊ ထို့ကြောင့် သဒ္ဓါနုသာရီ မည်၏။ ထို့အတူ ပညာဟုဆိုအပ်သော တရားသို့ အစဉ်လိုက်၏။ တနည်းကား ပညာဟူသော တရားဖြင့်လျော်စွာ သွားတတ်၏။ ထို့ကြောင့် ဓမ္မာနုသာရီမည်၏။ အရူပဈာန်နှင့် အရိယာမဂ်ဟူသော နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်၏။ ထို့ကြောင့် ဥဘတောဘာဂဝိမုတ္တ မည်၏။ သိလျက် လွတ်မြောက်၏။ ထို့ကြောင့် ပညာဝိမုတ္တမည်၏ဟု ဤသို့သဒ္ဒါ၏ (ဖြစ်ပေါ်လာကြောင်း) အနက်ကို သိအပ်၏။ 

ဝိသုဒ္ဓိမဂ်မြန်မာပြန် (စတုတ္ထတွဲ) မှ ကောက်နုတ်ချက်။ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး။

မူရင်းစာအတိုင်း ရေးသားတင်ပြ ဒါနပြုသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ