အာစရိယဂုဏော အနန္တော

• ဆရာ ဆရာသင်တဲ့ဓါတုဗေဒထဲက ရုပ်ပြောင်းလဲခြင်းတော့ မြင်နေရပြီဆရာ၊ ဓါတ်ပြောင်းလဲခြင်းက အတော် စောင့်ရအုံးမှာဆရာ၊

• ဆရာ ဆရာ့ရူပဗေဒထဲက အလင်းဆိုတာ မှုံဝါးဝါးတော့ မြင်လာရပြီဆရာ၊ သံလိုက်စက်ကွင်းက မလွတ်သေးဘူးဆရာ၊

• ဆရာမ ဆရာမသင်ပေးတဲ့သမိုင်းထဲက မင်းဆိုးမင်းညစ်တွေကို ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရပါပြီဆရာမ၊

• ဆရာ ဆရာ့သင်္ချာက အသုံးကျပြီး၊ လွယ်လိုက်တာဗျာ၊ အနိမ့်ဆုံးဂဏန်းဟာ ကျွန်တော်တို့နိုင်ငံကလို့ မှတ်သားရတယ်ဆရာ၊

• ဆရာ ဆရာသင်ပေးတဲ့ ကမ္ဘာ့ပထဝီထဲက နို်င်ငံတွေအစုံကိုရောက်ပြီး၊ ကျွန်တော်တို့ မြန်မာပြည်က အောက်ကျတာတွေ သွားပြောခဲ့တယ်ဆရာ၊

• ဆရာမ ဆရာမသင်တဲ့ အင်္ဂလိပ်စာ ကျွန်တော်နဲနဲတတ်တာ အသုံးတည့်တယ်ဆရာမ၊ ဗမာစကား မတတ်သူတွေကို ကျွန်တော်တို့ဆီကလူတွေ ဆင်းရဲတဲ့အကြောင်း စကားလုံးတွေပြောင်းပြောင်းပြီး ကျွန်တော် ပြောတတ်တယ်ဆရာမ၊

• ဆရာ ဆရာ့မြန်မာစာ ကျွန်တော်အသုံးချနေတယ်ဆရာ၊ ဦးပေါ်ဦးလို ဘုရင်ကိုလဲ အရူးလုပ်တတ်တယ်ဆရာ၊ အနန္တသူရိယ အမတ်ကြီးလိုလဲ သံဝေဂတွေရပါတယ်ဆရာ၊

• ကျောင်းအုပ်ဆရာမကြီးခင်ဗျား ကျောင်းစည်းကမ်းတွေက ကျွန်တော့်ဘဝမှာ တကယ်အသုံးကျပါတယ်ဗျာ၊ တာဝန်ဆိုတာ ယူတတ်သလို၊ ကြိုးစားရမှာဆိုတာလဲသိလို့၊ အခုထိ ကျွန်တော်ကြိုးစားနေပါတယ်ခင်ဗျာ။

၇ နှစ်တိတိအကြာ -

• ဆရာလည်း တောခို၊

• ဆရာမဆို ပြည်ပြေး၊

• ကျွန်တော်လည်း ပညာရေးဆုံးခန်းတိုင်ပြီခင်ဗျာ။

ဒေါက်တာတင့်ဆွေ

၁-၁-၂၀၁၄

၁-၁-၂၀၂၂


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ