ဘေးဘယာ နှင့် ဘရာစီယာ

(ကန်တော့)
ဆုတောင်းစာတခု ပို့တယ်။ ဘုရားပုံနဲ့။ ဘုရားပုံကို မထည့်တော့ပါ။ ဘေးဘရာလို့ရေးတာ မှားနေတယ်။ ဘေးဘယာလို့သာ ရေးရတယ်။ ဘရာဆိုတာ ဘရာစီယာ။
ပါဠိ
ဘယ = ကြောက်ခြင်း။ ဘေး။
ဘယာ ဂတ် = ကြောက်ခြင်းသို့ ရောက်သည်။
ဘယ ဂတိ = ကြောက်ခြင်းကြောင့် မလားအပ်သည်သို့ လားခြင်း။
ဘေး
နံဘေး
ဘိုးဘေးစဉ်ဆက်
လမ်းဘေး
ဘေးကျပ်နံကျပ်
ဘေးချင်းတိုက်
ဘေးချိတ်ထား
ဘေးဆီးရန်ကာ
ဘေးထိုးရင်ကျင်
ဘေးဒဏ်
ဘေးပန်း
ဘေးဖယ်
ဘေးဘယာ
ဘေးဘျမ်း
ဘေးရန်
ဘေးအနရာယ်
ဘေးဥပဒ်
ဘေးလောင်းတော်
ရောဂါဘေး
ဆုတောင်းစာတွေ တရားစာတွေမှာ တဝက်လောက်က သတ်ပုံတွေမှားနေတယ်။ တယောက်က သူများကို ဒုက္ခမပေးရင် ရပါတယ်တဲ့။ သဘော မတူပါ။ ဆုတောင်းစာ သတ်ပုံမှားရင် ဆုတောင်း မှားတယ်။ တရားစာ သတ်ပုံမှားရင် ဓမ္မ မဟုတ်တော့။ 
မြန်မာစာအရေးအသား အမှားဆုံးနေရာများ
၁။ ရသ နေရာများ၊
၂။ ကင်ဆာ နေရာများ၊
၃။ တရားစာ နေရာများ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ