မှောင်မိုက်မှာငို

(မြသန်းတင့်)

ကျွန်တော့ရဲ့ အားမနာပါးမနာကွန်မင့် -

မူရင်းသတ်ပုံကို ပြင်ထုတ်တဲ့ စာအုပ်ပေါင်း သန်းများစွာထဲက တအုပ်။

တင်ထားသူက ပြန်ရေးခြင်း - 

ခုစာအုပ်ထဲမတော့ ပြန်မှန်သွားပြီတဲ့ အမှာစာမယ်။ (ChanMyae Myat)

ကွန်ဂရက်ကျူလေးရှင်း နဲ့ ကျေးဇူး။ အများစုကတော့ ဂျာအေး။

ကြာအေး ဂျာအေး 

(၁)

ကြာအေး၊ သူ့မေရိုက်ပါလို့ 

မှောင်မိုက်မှာငို၊ 

ကိုလူပျို ထရံပေါက်က 

ခြေထောက်ကိုဆွဲတွဲလဲ။

တွဲလဲ နေပါအုံး 

မိုဃ်းတောင်ကချုန်း၊ မုံ့လုံး၊ 

မုံ့လုံးစက္ကူကပ်ပါလို့ 

ကြာကလပ်မှာ ဆွမ်းတော်တင် 

ပလ္လင်ပေါ်က မျောက်ကလေး 

ဆင်းတယ်လို့ပြေး၊ ကြာအေး။ (ဒေါက်တာ-တန်ဂွမ်လျောင်)

(သားချော့သီချင်း ဖတ်စာမှပထမတန်း၌ တပည့်ကိုင် ပြဋ္ဌာန်းသည်။)

(၂)

မုံ့လုံး စက္ကူကပ်သည် (ဘန်းစကားများ - လှသမိန်)

ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို

ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ

တွဲလဲနေပါဦး မိုးတောင်ကချုန်း မုံ့လုံး

မုံ့လုံးစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင်

ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတက်လို့ပြေး ဂျာအေး

ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို

မှတ်ချက် 

၁။ လှသမိန်က နောက်ကျတယ်။ 

၂။ မိုဃ်းကို မိုးလို့ပြင်ရေးလာကြပါတယ်။ 

၃။ ဂျာအေးကို ကြာအေးလို့ပြင်ထားပါတယ်။

၄။ အထက်ပါ စာ ၂ ခုလုံးထဲမှာ မုံ့လုံးကို မုန့်လုံးလို့မရေးပါ။

၅။ ဘယ်တုန်းထုတ်လဲ မသိတဲ့ ကျောင်းသုံးစာအုပ်တခုမှာ ဂြာအေး နဲ့ ဂြာဧ လို့ရိုက်နှိပ်ထားတယ်။ မှားတယ်။

၆။ မှားတဲ့စာအုပ်ထဲကပုံ ရှိပေမဲ့ ဖေ့စ်ဘွတ်မှာတော့ မတင်တော့ပါ။ တချို့က ဘယ်သူက ဘာတင်တင် အဟုတ်ထင်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ