လွတ်လပ်ရေးက ဟောင်းပြီလို့ ပြောချင်ကြသလား





ျေးဇူးတင်ပါတယ်ဆရာ။ အခု သမီးလေး ၆နှစ်အရွယ် အွန်လိုင်းကျောင်းတခုကနေ မြန်မာစာသင်တာ "တစ်ခု တစ်ကြိမ် တစ်ခါ" ဆိုပြီးသင်နေတာ သူတိုကျောင်းကို စာပိုပြီး "တခု တကြိမ် တခါ" ဆိုပြီးစိစစ်သင်ကြားပေးဖိုတောင်းဆိုတာ ကျောင်းအုပ်ကိုယ်တိုင်က "တစ်ခု တစ်ကြိမ် တစ်ခါ" က ခတ်သစ်ရေးနည်းဆိုပြီးပြောလာလိုပါ။ ဘယ်လိုများ သက်သေပြပြီးပြန်ပြောလိုရနိုင်မလဲခင်ဗျ။

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅)

မြန်မာစာ မူရင်းအမှန်က တခါ ကို တခါ လို့သာရေးပါတယ်။ အကိုးအကားတွေ ထောင်ဂဏန်းရှိပါတယ်။ ဒါပေမဲ့ ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေမှာ၊ အထက်က ပယ်ချလိမ့်မယ်။ ပြင်အရေးခိုင်းမယ်။ ပိုက်ဆံထုတ်မရဖြစ်မယ်။ (တစ်) နဲ့ရေးရင်တော့ (တစ်) သက်တာစာပေဆု ရပါမယ်။ 

ကြိုးစားကြရပါမယ်။  မှားအောင်လုပ်လို့ရခဲ့ရင်၊ မှန်အောင်လုပ်တာ ဘာလို့ မရရမှာလည်း။

အနီးစပ်ဆုံး ဥပမာတခုက လွတ်လပ်ရေးကျာက်တိုင်မှာ ရေးထားကို ဖတ်ပါ။ လွတ်လပ်ရေးက ဟောင်းပြီလို့ ပြောချင်ကြသလား။ လွတ်လပ်ရေးကျာက်တိုင်မှာ ရေးထား မှားတယ်လို့ ပြောချင်ကြသလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ