Chicago woman quarantined in airplane bathroom for 3 hours after testing positive for Covid-19 mid-flight

လေယာဉ်ပေါ်မှာ ကိုဗစ်ကြောင့် အိုင်ဆိုလေးရှင်းလုပ်ရခြင်း

ယူအက်စ်အေ ချီကာဂိုကနေ အိုက်စလန်နိုင်ငံ ရေကယာဗစ်ကိုသွားမဲ့ အမျိုးသမီးခရီးသည် Marisa Fotieo ဟာ လေထဲမှာ ကိုဗစ် (+) ဖြစ်တာသိရလို့ တယောက်တည်း တွိုင်းလက်ခန်းလေးထဲမှာ အိုင်ဆိုလေးရှင်း လုပ်ရပါသတဲ့။ ၁၉-၁၂-၂၀၂၁ နေ့ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကို သူ့အကိုနဲ့ အဖေတို့နဲ့အတူ ခရီးသွားကြတာ။

ခရီးမထွက်ခင် PCR tests ၂ ခါနဲ့ rapid tests ၅ ခါလုပ်ခဲ့သေးတယ်။ (-) ပိုးကူးစက်ခံရခြင်း မတွေ့ပါ။ ဒါပေမဲ့ လေထဲမှာ တနာရီခွဲလောက်ကြာတော့ လည်ချောင်းနာလာတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း ၂ ခါ အပြင် ကျောင်းဆရာမလည်းဖြစ်တော့ ဘူစတာဒို့စ်ပါထိုးထားပြီးသား။ လေယာဉ် ဘာ့သ်ရုမ်းထဲသွားပြီး ကိုဗစ် ထပ်စစ်ကြည့်တော့ (+) တဲ့။ 

တယောက်တည်း အိုင်ဆိုလေးရှင်းလုပ်တယ်။ ဘာ့သ်ရုမ်းထဲမှာ ၃ နာရီ။ အဲဒီအခန်းကျဉ်းလေးထဲမှာနေရင်း စားစရာတွေစား၊ အရည်တွေလည်းသောက်တယ်။ အင်တာနက်ရအောင်ဝယ်လိုက်ပြီး တချိန်လုံး TikTok video သုံးတယ်။ အဲဒီဗီဒီယိုကို အင်္ဂါညနေ့အထိ ကြည့်သူပေါင်း 4.3 million ကျော်သတဲ့။

အိုက်စလန်မှာ လေယာဉ်ဆိုက်တော့ သူ့မိသားစုက နောက်ဆုံးမှ ဆင်းကြရတယ်။ စမ်းမတွေ့တဲ့ အဖေနဲ့ အကိိုတို့က ဆွစ်ဇာလန်ကို ဆက်သွားနိုင်ကြတယ်။ 

သူ့ကို လေဆိပ်မှာ rapid test ရော PCR test ပါစစ်တယ်။ (+) (+) ပြတယ်။ အိုင်စလန် Red Cross hotel မှာ ကွာရင်တင်း ၁၀ ရက်ဝင်ရတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၂-၂၀၂၁

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ