Daflon 500 mg လိပ်ခေါင်းဆေး
(ကန်တော့) ၁။ ဆရာရှင့် သမီးကအသက် ၂၂နှစ်ပါရှင့် သမီးမှာလည်းလိပ်ခေါင်းဖြစ်နေပါတယ်ရှင့် ခွဲစိပ်မှုမလုပ်ရင်သက်သာလာနိုင်မှာလားရှင့် သမီးအရမ်းကိုစိုးရိမ်နေမိလို့ပါရှင့် သမီးကိုပြန်ဖြေပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့် ၂။ ဆရာ တခုကူညီပါ လိပ်ခေါင်းရောဂါက ရပ်ကွက်ထဲက ဆရာဝန်နဲ့ပြတာ ရလားဆရာ လိပ်ခေါင်း ဆရာဝန်က သီးသန့်ရှိတာလားဆရာ။ တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၃။ ကျွန်မအသက် ၃၅ ပါဆရာ။ လိပ်ခေါင်းဖြစ်လို့ သားရေကွင်းတခါပစ်ဖူးပါတယ်။ နောက်ပိုင်း တခါထပ်ဖြစ်လို့ ခွဲလည်းခွဲစိတ်ဖူးပါတယ်ဆရာ။ အခုလည်း ထပ်ဖြစ်လို့ daflon ဆေးသောက်နေတာ ၄ ရက်ရှိပါပီ(ပါပြီ)ရှင့်။ ဝမ်းသွားပီး(သွားပြီး)ရင် ခဏနေရင် အဖုပြန်ဝင်သွားပါတယ်။ ဒါပေမဲ့ အထဲမှာ အောင့်ပီး(အောင့်ပြီး)နာနေတာ ၄ ရက်ရှိပီ(ရှိပြီ)ဖြစ်လို့ ထပ်ခွဲစိတ်ရမှာစိုးရိမ်လို့ပါရှင့်။ ကျွန်မ ကလေး ၃ ယောက်မိခင်ပါ။ အမျိုးသားက အဝေးမှာဖြစ်လို့ ကိုယ်ခွဲမရှိလို့ ခွဲစိတ်ရမှာ အဆင်မပြေဖြစ်မှာစိုးနေလို့ပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ တခါရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၄။ မင်္ဂလာပါဆရာ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာကြာပြီခင်ဗျ ဝမ်းသွားလျှင်သွေးပန်းထွက်နေလို့ပါဆရာ deflon 500mg စ...
Comments
Post a Comment