တေဘုမ္မာ

ချဉ်ဆီ ခမ်းတဲ့ရောဂါက ခြေထောက်တေရောင်တက်လား သိတဲ့သူများပြောကြပါအုန်းပေါင်နဲ့အသဘုံနဲနဲရောင်နေလားလို့

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကျွန်တော့ကိုမေးရင်တော့ ဆေးစစ်ချက်ပါရောဂါအမည် အင်္ဂလိပ်စာလုံးနဲ့ သိမှသာ ဖြေနိုင်ပါမယ်။ စာရေးတာတော့ ထောက်ပြချင်တယ်။

တေဆိုတာ ပေပေတေတေ၊ တေလေကြမ်းပိုး၊ လူပေလူတေ၊ အင်္ဂတေ၊ တေမိဇာတ်၊ တေဘုမ္မာ။

အသားပုံလို့ ရေးရ။ နဲနဲလည်းရေးနိုင်။ နည်းနည်းက ပိုမှန်တယ်။

(ရောင်တတ်လား)လို့ ရေးရ။ (တက်) ဆိုတာ ဆေးရုံတက်၊ အိမ်ပေါ်တက်၊ သစ်ပင်တက်၊ အတန်းတက်၊ အတက်ရောဂါ။ 

(တေ) နဲ့ (တတ်) သတ်ပုံတွေမှားရေးနေသူ အတော်များတယ်။ စာမတတ်ဘဲ တနှစ် နှစ်တန်းတက်စနစ်ကြောင့် မြန်မာစာ ရစရာမရှိ ပျက်စီးတော့မယ်။ တရားနဲ့သာ ဖြေကြပေတော့။

တေဘုမ္မာ https://www.youtube.com/watch?v=aB3ptA7ZXk0

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ