Supplements ဖြည့်စွက်စာ အားမပေးပါ

ဖြည့်စွက်စာ မယုံကြည်ပါ ပို့စ် ရှာမတွေ့လို့ပါ ဆရာ
ကင်ဆာနေရာတခုမှာ ကင်ဆာဖြစ်နေတာကို ဖြည့်စွက်စာတွေ အမယ်ပေါင်း တဆယ်မက ဘယ်နှစ်လလဲ မသိ သောက်နေတယ်လို့ ရေးတာ တွေ့လိုက်တယ်။ ရေလိုက်လွဲနေတယ်။ ဖြည့်စွက်စာတွေ ကကြီးကနေ အအထိ၊ ဗီတာမင်တွေ အေကနေဇက်အထိ၊ ဖေ့စ်ဘွတ်မှာရေးတဲ့ ဓါတ်စာတွေတခုမကျန် သောက်လည်း ကင်ဆာကို စနစ်တကျမကုသရင် ပိုက်ဆံနဲ့ အချိန်သာကုန်ပါမယ်။
ကုသမှု့ခံယူပြီပါပြီလူနာကအားနဲပြီခဏခဏဖျားနေလို့ဖြည့်စွပ်စာဘာသောက်ကြလဲရှင့်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကုသမှု မှာ အောက်မြစ် မလိုအပ်ပါ။ နည်းပြီးက ပိုမှန်တယ်။ ဖြည့်စွက်စာလို့ ရေးရတယ်။
- ကင်ဆာအတွက်မေးတာဆိုရင် ဖြည့်စွက်စာ အားမပေးပါ။ လမ်းလွဲရောက်စေနိုင်တယ်။
- ကင်ဆာဆိုတာ စောစောသိရမယ်။ သိတာနဲ့ စနစ်တကျ ကုသရမယ်။ ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရမယ်။
- ကင်ဆာလူနာတွေ အစာလမ်းမှာဖြစ်လို့ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် ကိုယ်တသက်လုံး စားလာတာ အကုန်စားသောက်နိုင်တယ်။
- ဖြည့်စွက်စာဆိုတာ ကလေးတွေအတွက်သာ အဓိကလိုတယ်။
- လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ ထမင်း၊ အသား၊ ငါး၊ ဥ၊ ပဲ၊ အသီး၊ ဟင်းသီးဟင်းရွက်၊ စုံအောင်စားကြရတယ်။
- အချို၊ အချဉ်၊ အငန်၊ အခါး၊ အဖန်၊ အစပ် စားနိုင်တာကို စုံအောင်စားကြရတယ်။
- အစားအစာဆိုတာ လတ်ဆတ် သန့်ရှင်းရတယ်။
- လူပြောများတိုင်း ကြော်ငြာကောင်းတိုင်း ကောင်းချင်မှ ကောင်းမယ်။ ဗူးခွံလှတာကို မကြည့်ပါနဲ့။
- သွေးတိုးပါရှိနေရင် အငန် မသင့်။
- ဆီးချိုပါရှိနေရင် အချို မတည့်။
- ကိုလက်စထောများသူ အဆီ မသင့်။
FDA ဆိုတာ ဖြည့်စွက်စာနဲ့ ဗီတာမင်နဲ့ ဓါတ်ဆားလို့ လျှောက်ထားရင် မပယ်ပါ။ ရောင်းခွင့်ရှိတယ်လို့ ဆိုလိုတယ်။ ရောဂါပျောက်မယ်လို့ ဆိုလိုတာ မဟုတ်ပါ။ အမေရိကားမှာလည်း အတူတူဘဲ။ ဖြည့်စွက်စာဟာ ကြီးမားတဲ့ စီးပွါးရေးလုပ်ငန်းကြီးတခုဖြစ်တယ်။ တိုင်းပြည်တိုင်းမှာ ရှိတယ်။
Nutritional supplements and cancer ကင်ဆာနှင့် ဖြည့်စွက်စာ https://dr-tint-swe.blogspot.com/2024/01/nutritional-supplements-and-cancer.html
Supplementary foods ကလေးအတွက် ဖြည့်စွက်စာ https://dr-tint-swe.blogspot.com/2024/05/supplementary-foods.html
Supplementary foods ဖြည့်စွက်စာဟူသည် အသက် ၆ လအထက် ကလေးများအတွက် ဖြစ်သည် https://dr-tint-swe.blogspot.com/2022/05/supplementary-foods.html
Glucerna ဖြည့်စွက်စာ Glucerna ဖြည့်စွက်စာ
Foods အစားအသောက် အယူအဆလွဲနေသူတွေက အလွန်များတယ် https://dr-tint-swe.blogspot.com/2023/07/foods.html
Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ