မိဘပေးစား ဒီလူကြီး ဇနီးရပါစေ

အမေး = Cancer သမားက အသားနီနီတွေမစားရဘူး ဥပမာ အမဲသား လိုမျိုးအသားပေါ့ Fb မှာတွေ့မိလို့ အဲ့ဒါဟုတ်လားရှင်

အဖြေ = စားရပါတယ် တပါတ် ၂ကြိမ် ကျမအမျိုးသားကိုပေးစားတယ်။ ‌သွေးအားပြည့်အောင်။ မိမိဆရာဝန်ကိုမေးတာ အကောင်းဆုံးပါ။

ကျွန်တော့်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာနဲ့ အစားအသောက်ကြောင်း မကြာခဏ တင်ပြထားပြီးပါပြီ။ အမေးမခံရသူက ဝင်ပါချင်လာတယ်။

ဖြေတဲ့သူ တပါတ် ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒါပေမဲ့ ကျမအမျိုးသားကို စားခိုင်းတယ်၊ စားစေတယ်လို့ ရေးရမယ်။

ကျမအမျိုးသားကိုပေးစားတယ်လို့ ရေးတာက အဓိပ္ပါယ်တလွဲရောက်စေတယ်။ မိဘတွေက သားသမီး အရွယ်ရောက်တဲ့အခါ မိန်းမပေးစား၊ ယောက်ျားပေးစားတယ်လို့ အစဉ်အလာရှိတယ်။ အိမ်ထောင်ပြုစေတာ။

ယိုးဒယားပြန် အမာစိန်သီဆိုတဲ့သီချင်းတပုဒ်မှာ မိဘပေးစား ဒီလူကြီး ဇနီးရပါစေ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ