သံသရာခရီးသည်

တေးရေး - မြို့မဦးရင်လေးနှင့် မြို့မကိုဘိုခင်
ဆို - မေလှမြိုင်
ကာမ,ဘုံသား
ဆုံလည်နွားသို့နှယ်
အနမတဂ္ဂ ဘဝတွေမယ်
ကျင်လည်ခဲ့ကြတာရယ်
မဆုံးနိုင်ကြတယ် တဝဲလည်လည်
သမုဒယဆိုသော တဏှာရယ်
ငြိလာတယ် သံယောဇဉ်ကကွယ်
သားရယ် သမီးရယ်
ဇနီးသည် ခင်ပွန်းလင်သည်
ဆွေရယ် မျိုးရယ်
ချစ်ကြိုးအသွယ်သွယ် နှောင်ဖွဲ့ချည်တယ်
မရုန်းနိုင် မထွက်နိုင်
မြဲခိုင်လှတဲ့ သံသရာခရီးသည်
လှမ်းကာ တက်ကာ မြန်းကြတယ်
တောတောင်ရေလမ်း ပန်းလှဖွယ်
နိမ့်ကာမြင့်ကာ သွားလို့ရယ်
သံသရာခရီးသည် 
လှမ်းကာ တက်ကာ မြန်းကြတယ်
တောတောင်ရေလမ်း ပန်းလှဖွယ်
နိမ့်ကာမြင့်ကာ သွားလို့ရယ်
သံသရာခရီးသည် သံသရာခရီးသည်
ဖြစ်လွယ် ပျက်လွယ် သဘောရယ်
လောကဝယ် ပြောလို့မဆုံးဖွယ်
သင်္ခါရ အတောမသတ်လို့
မတည်မြဲလေတယ်
ယသော အယသော
လာဘော အလာဘော
နိန္နံ ပသန္နံ
သုခံ ဒုက္ခံ လောကဓံ တရားမြတ်ရယ်
လောကီဘုံအလယ်
ဆုံလာကြတဲ့ ပုထုစဉ်လဲ မလွဲပါတယ်
သံသရာခရီးသည် သံသရာခရီးသည် သံသရာခရီးသည်။   ။
မာမာအေး - သံသရာခရီးသည် https://www.facebook.com/watch?v=623985796147981
သံသရာခရီးသည် - မေလှမြိုင် https://www.youtube.com/watch?v=SVYlezSh7CA
အနမတဂ္ဂ = မသိအပ်သောအစရှိသော။ အစမထင်သော။
အနတ္ထ = အကျိုးမယှိသည်။ အနက်မယှိသည်။
အနတ္ထက = အကျိုးမယှိသည်။ အနက်မယှိသည်။
အနတ္ထကရ = အကျိုးမဲ့ပြုတတ်သည်။
အနတ္ထကာမ = အကျိုးမဲ့ကိုအလိုယှိသည်။
သံသရာခရီးသည်​ ​တေးဆို -​ မာမာ​အေး ​တေး​ရေး - ကိုဘိုခင်​ https://www.facebook.com/watch?v=2891148021120962
အနုပညာအမည်၊ ကလောင်အမည်တွေမှာ ဒေါ် မပါရင် ဒေါ် မထည့်ရ။ ကို ကို ဦး မလုပ်ရ။ မောင် ကိုလည်း ကို မလုပ်ရ။ ဦး မလုပ်ရ။ မ ကို ဒေါ် မပြင်ရပါ။
တဝဲလည်လည် သည် တစ်ဝဲလည်လည် မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ