စတိ ပူဇော်ခြင်း

မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို ပြည်တွင်းမှာနေစဉ်ကတော့ တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ပါတယ်။ အပြင်မှာတော့ ဘာသာရေး၊ လူမှုရေးမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။

သနပ်ခါးတုံးလေးတွေကို ရှိတဲ့ဒါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်ရတာ။ မတော်လို့ ဘယ်ဘက်လက်ညှိုး တချက်ထိသွားလို့ ပလာစတာကပ်ထားရသေးတယ်။ ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေခွက်နဲ့ ရပ်စောင့်သင့်ရတယ်။

မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၃၁-၁-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း