ရေသည်မိန်းမနှင့်ရေသည်ယောက်ျားတွေ့ဆုံခန်း

ရေသည်ယောက်ျားဆို။ ။ ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ် နှင့်တွယ်။ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့၊ မရေသယ်။ ။ကုန်သွယ်ရေရောင်း၊ စီးပွားကြောင်းနှင့်၊ လူကောင်း ကိုယ့်မောင်၊ ရုံးလှဆောင်၊ ဝအောင်စား၍၊ ခါးဝတ်တဲ့ပြင်။ လက်ကပ်-ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖက်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့်၊ လုံစွာထား၊ ငွေသားလေးရွေး ရှိပါတယ်။   ။ သည်ပစ္စည်းတွေ၊ လေးရွေးငွေကြောင့်၊ စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး၊ ညမှုညလူ၊ သူခိုးများ ပူလွန်းလို့၊ ကိုယ်ထူ-ကိုယ်ထ၊ ကင်းဝတ်လှဲ့၍၊ စောင့်ခဲ့ရ ကာလ မနည်းကြာပါပြီ။ ။ ညစာနံနက်၊ စားရရက်မှာတော့၊ မြက်သီးရောရာ၊ မုရောဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငါးပိအရှင်း၊ ဆီမဆင်းတဲ့၊ ဟင်းများနောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မဝင်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာ သွတ်ရတယ်။  ။ ခါးဝတ်လဲမှာ၊ မျက်မြင်ပါဘဲ။ ဥစ္စာပြည့်စုံ၊ ဓနဂုဏ်နှင့်၊  ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲ မမှတ်ပါနဲ့ အမိငယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ