ရေကိုသားသော် အခြားမထင်သကဲ့သို့

မင်္ဂလာပါဆရာ အခြားမလပ်လို့ရေးတာ မှန်ပါသလား။ မခြားမလပ်လို့ရေးတာ မှန်ပါသလား ခင်ဗျ။ 

ခြားစာလုံးက ကြိယာဖြစ်တယ်။ ပိုင်းကန့်သည်၊ တသီးတသန့်ဖြစ်စေသည်၊ ကွဲပြားသည်၊ တမျိုးတဖုံဖြစ်သည်။ မခြားလည်း ကြိယာ။ မခွဲခြားပါနှင့်။ မခြားပဲ (ကြိယာဝိသေသန) ရေးသည်။ မြန်မာစာလုံး အတော်များများမှာ အ ထည့်ရင် နာမ်ဖြစ်သွားတယ်။ အခြား။ အပိုင်းအခြား။ ရေကိုသားသော် အခြားမထင်သကဲ့သို့။ ခြာကလည်း ကြိယာ။ တဆက်တည်း မဟုတ်။ အကြားလပ်သည်။ သားသမီး ခြာသည်။ စကားစုတခုနှင့်တခု ခြာပြီး ရေးသားပါ။

ရေကိုသားသော် အခြားမထင်နဲ့ ရေကိုသားသော် အကြားမထင်လို့ မူကွဲရှိနေတယ်။ ရေကိုသားသော် အကြားမထင်လို့ မြဝတီဝဘ်ဆိုက်မှာ စစ်တပ်ဝါဒဖြန့်ဆောင်းပါးတပုဒ် တင်ထားတယ်။

အကြား = ကြားနေရာဖြစ်လို့ ဆိုလိုချက် တမျိုးဖြစ်စေတယ်။ 

ရေကိုသားသော် အခြားမထင်သကဲ့သို့က မှန်တယ်။

ရာမဇာတ်ထဲမှာ ရွှေသမင်လိုချင်တဲ့ သီတာမင်းသမီးက ရာမမင်းသားကို ရွှေသမင်း အဖမ်းခိုင်းခဲ့တယ်။ သမင်ဖမ်းထွက်နေစဉ်မှာ ရာမမှာ ဘေးအန္တရာယ်ကျရောက်နေသယောင် ဥပါယ်တံမျဉ်နဲ့ အသံပြုတော့ သီတာက စိုးရိမ်ပြီး၊ လက္ခဏာကို ရာမနောက် လိုက်ခိုင်းတယ်။ လက္ခဏာက နောင်တော်ရာမရဲ့ အသံ မဟုတ်ကြောင်း ပြောပေမဲ့ သီတာက စိုးရိမ်ပြီး၊ ရာမနောက်ကိုသာ လိုက်ခိုင်းပြန်လို့ လက္ခဏာက သီတာအတွက် စည်းသုံးတန်ကို မြေမှာသားပြီး မထွက်ရလို့ တားမြစ်ထားခဲ့တယ်။ ဒါပေမဲ့ သူတော်စင်ယောင် ဆောင်ပြီး အလှုခံတဲ့ ဒဿဂီရိနောက်ကို သီတာ ပါသွားခဲ့ရတယ်။ 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ