သား နဲ့ တား

၁။ မျဉ်းတားမဟုတ်ဘူးလား။ မျက်စိလည်ကုန်ပါပြီ။ (မျဉ်းသားသည်။)

၂။ ကိုယ်ဝန်သားဆေးသိချင်ပါတယ်ဆရာ။ (တားဆေးလို့ရေးရတယ်။)

၃။ သမီး သားဆေးသောက်ထားတယ်ဆရာ။ (တားဆေးလို့ရေးရတယ်။) 

၄။ မေးတာတခုတွေ့တယ်။ မျဉ်းမတားလားတဲ့။ မျဉ်းသားသည်လို့ ရေးပါတယ်။ စာရေးသားသည်လို့သဘော။ တားက တားဆီးတာ။ 

သား

သားစဉ်မြေးဆက်၊

သားမြတ် (ရင်သား)၊

သားရဲတိရစ္ဆာန်၊

သားသည်အမေ၊

သားသတ်သမား၊

သားသမီးလိုချင်၊

သားသားနားနား ဝတ်ဆင်ထား၊

သားဦးကိုယ်ဝန်၊

သားကောင်၊

သားရေဂျာကင်၊

အမျိုးသား၊

ဆွေမျိုးသားချင်း၊

မျဉ်းသားသည်။

တား

တားဆီးသည်၊

တားမြစ်သည်၊

ပဋိသန္ဓေတားဆေး၊

ဝါသနာကို မတားနဲ့တော့ရှင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း