နော်

ကျွန်တော်၊ ကျမခေတ် မှေးမှိန်လာတယ်။ သား-သမီးနဲ့ အစားထိုးတယ်။ ပြောပြပါ၊ ရှင်းပြပါအစား အလင်းပြပါတဲ့။ ဆရာဝန်ကို လျှပ်စစ်ရုံးက မှတ်နေကြသူတွေက။ ခင်ဗျာ၊ ခင်ဗျနဲ့ ရှင်၊ ရှင့်လည်း မှေးမှိန်လာတယ်။ နော်နဲ့ အစားထိုးတယ်။ 

နော်ဆိုတာ စကားကို ထူးခြားစေအောင်ဆက်ပြောတဲ့ အသုံးဖြစ်တယ်။ တောင်းပန်တဲ့သဘော။ နော့ ဆိုရင်တော့ ချွဲပျစ်တာ။ နော်လို့ စကားအဆုံးမှာထည့်ပြောတာက အမျိုးသမီးသုံး။ ကလေးတွေကို ပြောတာမျိုး။ ယောက်ျားတွေကပါ ထည့်ပြော ထည့်ရေးနေကြတာ မသင့်လို့ ထင်တယ်။

လာခဲ့နော်

သွားမယ်နော်

စားနော် အားမနာနဲ့

နော်ဇာပန်းပင်

ဒွေးမယ်နော်ဇာတ်

နော်လီဇာ

အို နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ (မောင်တို့ချယ်ရီမြေ)

မဟာနန္ဒာကန်တော်ဘွဲ့

ချစ်၍ခေါ်ရာ၊ လိုက်ချင်ပါလည်း၊ နော်ဇာရွှေကုံး၊ တခိုင်ရုံးကို၊ လုံးလုံးမယ်ထွေး၊ မပိုင်သေးခဲ့၊ မဝေးဘူးဆို၊ မြို့မြောက်ဟိုတွင်၊ မြင်းမိုရ်တောင်လောက်၊ ကန်ပေါင်မောက်နှင့်၊ ယင်သောက်ရုံမျှ၊ မြူမကျသား၊ ချမ်းမြရေကြည်၊ ကြာငါးမည်လည်း၊ ထော်ပည်ဟင်းရမ်း၊ ပြိုးပြောက်ပြွမ်းလျက်၊ ဆွတ်လှမ်းမလွယ်၊ ကုံးသီသွယ်သို့၊ လွမ်းဖွယ်သာယာ၊ ကန်တော်မှာသည်။ ။ ရောက်ခါမြင်ရပေလိမ့်မည်။

ဘုန်းတော်ကြီး၊ ကျောင်းဆရာ၊ ဆရာဝန်ဆီစာရေးတာမှာ နော် မသင့်မှန်ပါ။ အဲလိုအပြောင်းအလဲတွေမှာ အစာမကျေသူက ဆရာဝန်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ