ချွေးနှီးစာ

ဘယ်ဟာက အမှန်လဲ ဆရာ၊ သိပါရစေခင်ဗျာ။

ပို့ပေးတဲ့ ပုံထဲက အမှန်ခြစ်ထားတာက မှားပြီး၊ အမှားခြစ်ထားတာ နှစ်ခုကသာ မှန်တယ်။

ချွေးနှီးစာ သို့မဟုတ် ချွေးနဲစာက မှန်တယ်။ ချွေးနဲစာလို့ အသံထွက်ပါတယ်။

၁၉၉၁ စက်တင်ဘာလထုတ် မြန်မာအဘိဓာန်မှာ ချွေးနှဲစာလို့ ရေးထားတာ မမှန်ပါ။

နှီး = အရင်းအနှီး၊ ရင်းနှီးသည်။

ချွေးနဲ့ ရင်းနှီးပြီးရရှိသော၊ ချွေးနဲ့ ရင်းပြီးရရှိသော။

အရင်ထုတ်သတ်ပုံစာအုပ်တွေထဲမှာ မနဲလေးနတ်။ မိနဲကလေးနတ်။ ထမနဲ။ ယာဂုထမနဲ။ မယ်နဲမိနတ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ